ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ရှေးဟောင်း ကဇာတ်ရုံကြီးတစ်ခုဖြစ်တဲ့ "Epidaurus Theater" အက်ပီ ဒေါရပ်စ် ဇာတ်ရုံ အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အက်ပီ ဒေါရပ်စ်ဟာ ရှေးဟောင်းဂရိနယ်မြေ၊ ဆာရိုနစ် ပင်လယ်ကွေ့မှာရှိသော မြို့ငယ်လေး တစ်မြို့ဖြစ်ပါတယ်။

photo credit pngtree

ထိုဇာတ်ရုံဟာ အက်ပီ ဒေါရပ်စ်မြို့ရဲ့ ဘာသာရေး နှင့် နိုင်ငံရေး အခမ်းအနားများ ကျင်းပရာ နေရာ တစ်ခုဖြစ်ပါတယ်။ ၁၈၈၀ ပြည့်နှစ်မှာ တူးဖော်မှုများ စတင်ပြုလုပ်ခဲ့ရာ ၂၀ ရာစုတွင် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ပြီးဆုံးခဲ့ပြီး ရှေးဟောင်းဂရိတို့ရဲ့ အပြည့်စုံဆုံး ကဇာတ်ရုံကြီး အဖြစ် ကြေညာနိုင်ခဲ့ပါတယ်။

photo credit pngtree

အက်ပီ ဒေါရပ်စ် ဇာတ်ရုံမှာ ပရိတ်သတ်များ ပွဲကြည့်ရန် ထိုင်ခုံတန်း ၅၅ တန်းရှိပါတယ်။ ထိုခုံတန်းများကို အောက်ခြေပိုင်းမှာ အဆင့် ၁၂ ဆင့် နှင့် အထက်ပိုင်းမှာ အဆင့်၂၂ ဆင့် ပိုင်းခြားထားကာ ပရိတ်သတ် ၂၀၀၀၀ ကြည့်ရှုနိုင်တာ ဖြစ်ပါတယ်။ ယဉ်ကျေးမှု နှင့် သမိုင်း သက်ရောက်မှုများဖြင့် ချိန်ထိုးကြည့်ပါက အက်ပီ ဒေါရပ်စ်ဟာ ကမ္ဘာ့ ရှေးဟောင်းအကျဆုံး ကဇာတ်ရုံတစ်ခု ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။