ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ တွင်းနက်ကြီးလိုဖြစ်နေတဲ့ "Monticello Dam" မွန်တီဆယ်လီယို ရေလှောင်တမံ အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးလီးယားပြည်နယ်ရှိ မွန်တီဆယ်လီယို ရေလှောင်တမံကို ၁၉၅၃ ခုနှစ်မှ ၁၉၅၇ ခုနှစ် အတွင်း ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

ထိုရေလှောင်တမံကြီးဟာ ဗာကာတောင်တန်းရှိ ပူတက်ချောင်းကို ဘာရီရက်စာ ရေကန်ကြီးအဖြစ် ချုပ်ထိန်းထားကာ ဆန်ဖရန်စစ္စကို အနောက်ပိုင်းပင်လယ်အော် ဒေသများသို့ရေများ ထောက်ပံ့ပေးတဲ့ ရေလှောင်ကန်ကြီးဖြစ်ပါတယ်။ ကျက်သရေမင်္ဂလာတွင်းကြီး(The Glory Hole)လို့ ထင်ရှားတဲ့ ရေလွှဲပေါက်ဟာ ရေမှတ် အပြည့်ဆုံးသို့ ရောက်ရှိချိန်မှာ တစ်စက္ကန့်လျှင် ရေထုထည် ၄၈၀၀၀ ကုဗပေ နှုန်းဖြင့် ကြီးမားသော ကွန်ကရစ် ပိုက်များသို့ ပို့ဆောင်ပေးနိုင်တာပါ။

photo credit pngtree

မြေမျက်နှာ ပြင်အောက်သို့ အလွန်နက်ရှိုင်းစွာ တူးထားတဲ့ မွန်တီဆယ်လီယို ရေလှောင်တမံအတွင်း ၁၉၉၇ ခုနှစ်မှာ အမျိုးသမီး တစ်ဦး ရေနစ်ခဲ့ကာ ရေထုအားကြီးမားသဖြင့် ရေလွှဲပေါက်အတွင်းသို့ မျောပါသွားခဲ့ပါတယ်။ ထိုအချိန်မှစတင်ပြီး ရေလှောင် တမံမှာ ရေကူးခွင့်ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။