ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အမိုက်စားသရုပ်ဆောင်ပီပြင်မှုတွေနဲ့ ခပ်ကြမ်းကြမ်းလေး အမြဲမြင်တွေ့ရပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင် သရုပ်ဆောင်မင်းသားကတော့ ထူးခြားပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို ကျွမ်းပျင်ပိုင်နိုင်တဲ့ သူ့ရဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရင်ထဲနေရာယူထားနိုင်တဲ့ ထူးခြားကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ လက်ဦးဆရာဖြစ်တဲ့ ဦးကျော်ဟိန်းနဲ့ အမှတ်တရတွေကိုလည်း ပြောပြလာပါတယ်နော်..။

Photo Credit - Htoo Charr's FB Account
Photo Credit - Htoo Charr's FB Account

အနုပညာစလုပ်ဖြစ်တဲ့အကြောင်းလေးနဲ့ ပရိသတ်တွေက ထူးခြားဆိုပြီး စသိခဲ့ကာ ပရိသတ်တွေအသိအမှတ်ပြုခဲ့တဲ့ သူ့ရဲ့ ဇာတ်ကားအကြောင်းလေးကို ပြောပြထားပြီး ရူတင်မှာတောင် ဦးကျော်ဟိန်းကို သေအောင်ကြောက်ရတဲ့အကြောင်း အမှတ်တရလေးတွေကို ပြောပြထားတာပါ..။

"ဦးကျော်ဟိန်းနဲ့ ၁၀ ကားလောက်ရှိမယ် အတိအကျတော့ မသိဘူး ၁၀နဲ့ ၁၅ ကားကြားကတော့ သေချာတယ် ဦးကျော်ဟိန်းက အနုပညာနဲ့ပတ်သက်ပြီး သင်ပြခဲ့တာတွေကတော့ ဦးကျော်ကို ရူတင်မှာတောင် စကားကျယ်ကျယ်မပြောရဲဘူး ကြောက်ရတယ် သေအောင်ကြောက်ရတယ် အဖေလိုဆရာလို တကယ်ကိုကြောက်ခဲ့ရတယ်.." ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Htoo Charr's FB Account
Photo Credit - Htoo Charr's FB Account

အနုပညာနဲ့ပတ်သက်ပြီးတော့လည်း " ဦးကျော်က သင်ရင်လည်း ဒီဟာက ဘာဖြစ်တယ်ညာဖြစ်တယ် သင်ပေးတာ မဟုတ်ဘူး ရူတင်တွေမှာဆိုလည်း လာကြည့် ငါ့ဘေးနားလာထိုင်ဆိုပြီး အဲ့လိုသင်ပေးခဲ့လို့လည်း ကျွန်တော် ဒီလိုရိုက်နိုင်တယ်လို့ ထင်ပါတယ် ဦးကျော်က အတိအကျကြီးတော့ အဲ့လို မသင်ပေးခဲ့ပါဘူး.. " ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေ လုပ်နေကာ မြင့်မြတ်၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ ဇာတ်ကားရိုက်နေပြီး Covid ဖြစ်လို့ ခဏနားထားရတဲ့အကြောင်းလေးကိုလည်း ပြောပြထားတဲ့ ထူးခြားရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Htoo Charr's FB Account
Photo Credit - Htoo Charr's FB Account

Photo Credit - Htoo Charr's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။