အဆိုတော်ဆန်းသစ်လကတော့ တစ်ချိန်က အနုပညာလောကမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ကာ ယခုမှာ အနုပညာအလုပ်တွေနဲ့ဝေးကွာနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ အေးချမ်းတဲ့ မိသားစုလေးကို တည်ဆောက်ထား ချစ်ခင်ပွန်နဲ့အတူ တည်ဆောက်ထားနိုင်တဲ့ သူမကတော့ ယခုမှာ ရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုလွယ်ထားရပြီး ၂၂ပတ်ရှိနေပြီပဲဖြစ်ပါတယ်။ 

photo credit : San Thit La 's facebook account
photo credit : San Thit La 's facebook account
photo credit : San Thit La 's facebook account

သူမကတော့ ယခုမှာ သမီးလေး၁ခါလှုပ်လိုက်တိုင်း ရင်ခုန်ရပြီး သမီးလေးနဲ့တွေ့ရမယ့် ရက်နီးနီးလာလေပိုပြီး ပျော်ရလေလေဖြစ်တဲ့အကြောင်းပြောပြလာပါတယ်။သူမကတော့ " သမီး​လေး​ရေ..ကျန်းကျန်းမာမာနဲ့ ​မေ​မေ့ဗိုက်ထဲမှာရှိ​နေ​ပေးလို့ ​ကျေးဇူးတင်ပါတယ်​နော်ဘယ်အချိန်လှုပ်မလဲလို့ ဗိုက်က​လေးကိုစမ်းရင်း သမီး၁ခါလှုပ်လိုက်တိုင်း ရင်ခုန်ပြီး​ပျော်​နေရတာပါ " ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

photo credit : San Thit La 's facebook account
photo credit : San Thit La 's facebook account
photo credit : San Thit La 's facebook account

သူမကတော့ " တစ်ချို့ည​တွေအိပ်မ​ပျော်​ပေမယ့်လည်း သမီး​လေးကို ​တွေးကြည့်စိတ်ကူး​​နေရရုံနဲ့ ​မေ​မေ့မှာ​​ကျေနပ်နေရတာ​တွေ့ရ​တော့မယ့်​နေ့​လေး​​တွေနီးလာလေ ​မေ​မေ့မှာပိုပျော်​ရလေမို့ မမြင်ရခင်ထဲကသမီး​လေးကို အရမ်းချစ်​​နေရပါပြီကွယ်သမီး​လေးရဲ့​မေ​မေ​ရွှေလ "ဆိုပြီး သူမရဲ့လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဆန်းသစ်လရဲ့ ရင်သွေးလေးကိုလွယ်ထားရတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

source: San Thit La 's facebook account 

photo credit : San Thit La 's facebook account
photo credit : San Thit La 's facebook account
photo credit : San Thit La 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။