မင်းသမီးချောလေး မိုးယုစံကတော့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးနဲ့ မိန်းကလေးချင်းအားကျရလောက်အောင်ကို လှနိုင်လွန်းတာ ဖြစ်ပါတယ် ။ ခေါင်းအစခြေအဆုံး ပြစ်မျိုးမှဲ့မထင်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မိုးယုက ကလေးတစ်ယောက်ရရှိတာတောင် လှနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် မိုးယုစံက ကလေးမေမေလို့မထင်ရလောက်အောင်ကို အရွယ်တင်နုပျိုနေတာ ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

လက်ရှိမှာတော့ မိုးယုက သူချစ်ရတဲ့ခင်ပွန်း၊သားလေးတို့နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ မိုးယုအနေနဲ့ အခုလို Stay At Home ကာလမှာတော့ မိသားစုလေးနဲ့အတူ ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ် ။ အခုလည်း မိုးယုက ချစ်ရတဲ့ခင်ပွန်း၊ သားသားလေးတို့နဲ့အတူ ကြည်နူးစရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

မိုးယုက "ချစ်သည်းလေးကိုမျှော်နေသူများအတွက် ဒီတစ်ခါတော့family tiktok ကျားကျားရေဒီတစ်ခါပါပဲဆိုပြီး မလုပ်ပေးတော့ စိတ်ဆိုးပြလိုက်တာ နောက်မလုပ်ပေးဘူးဆိုပြီးလုပ်ပေးသွားတယ် (တစ်နေ့တစ်မျိုးပဲတင်မယ်နော်)" ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ မိုးယုစံတို့မိသားစုကတော့ အတွဲညီညီနဲ့ ခပ်မိုက်မိုက်လေး Tik Tok ကစားထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မိုးယုစံတို့မိသားစုရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Moe Yu San's FB Acc

Photo Credit-Moe Yu San's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။