ပရိသတ်ကြီးရေ ပရဟိတ မင်းသမီးချောလေး လို့ ချီးကျူးပြောဆိုနေကြတဲ့ ခင်သဇင်ကတော့ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ခင်သဇင်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့အပြင် MRTV -4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူလေးပါနော်..။ ဒါ့အပြင် ခင်သဇင်က ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်......။

Photo credit - Khin Thazin's facebook account
Photo credit - Khin Thazin's facebook account

ခင်သဇင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကတော့ " အချစ်ဖွဲလေညင်း " ဇာတ်လမ်းတွဲလေးထဲမှာ မိုးကလျာ ဆိုတဲ့ ကာရိုက်တာလေးနဲ့ ကြိုးစားသရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးထဲက အမှတ်တရပုံရိပ်လေးတွေ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာပဲ ဖြစ်ပါတယ်..... ။

Photo credit - Khin Thazin's facebook account
Photo credit - Khin Thazin's facebook account
Photo credit - Khin Thazin's facebook account

ခင်သဇင်က မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်ကနေ " အချစ်ဆိုတာ ချစ်ခိုင်းတိုင်း ချစ်လို့ရတာမှ မဟုတ်တာပဲလေ မိုးသောက်ဦး ရှေးရေစက် တို့ကတော့ သဘောတူနေပါပြီနော် ... ဘယ်နေရာမတူလို့ ရှေးက အဲလောက်စဉ်းစားနေတာလဲ မသိဝူး" ဆိုတဲ့ စာသားလေးနဲ့အတူ ဇာတ်လမ်းတွဲလေးထဲက မမမိုးရဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....... ။

Photo credit - Khin Thazin's facebook account
Photo credit - Khin Thazin's facebook account

Source & Photo credit - Khin Thazin's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။