ပရိသတ်ကြီးရေ တင်းရင်းဖွင့်ဖြိုးလွန်းတဲ့ တင်သားတွေကို ပိုင်ဆိုင်ထားပြီး မသိသူ မရှိသလောက်ရှားတဲ့ ဇာတ်ပို့သရုပ်ဆောင် ကြူကြူသင်းကတော့ ယခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး ကိုယ်ပိုင်စီးပွားရေး တစ်ခုကို တစိုက်မတ်မတ်လုပ်ကိုင်နေသူတစ်ယောက်ပါ။ မကြာခဏဆိုသလို သူမ တက်နိုင်သလောက် အလှူအတန်းလေးတွေကို ပြုလုပ်လေ့ရှိတဲ့ သူမက ပရိသတ်တွေနဲ့အလှမ်းမဝေးရအောင် လူမှုကွန်ယက် စာမျက်နှာထက်မှာ လှုပ်ရှားမှုပုံရိပ်တိုင်းကို မျှဝေပေးလျက်ရှိသူပဲ ​ဖြစ်ပါတယ်....။ 

Photo credit - Kyukyu Thin Kyu Kyu Thin's facebook account
Photo credit - Kyukyu Thin Kyu Kyu Thin's facebook account
Photo credit - Kyukyu Thin Kyu Kyu Thin's facebook account

ယနေ့မှာလည်း သူမရဲ့ ဘဝအခက်အခဲကြောင်းကို ပြောပြပေးလါတာပါနော်.. ။ ဇာတ်ပို့သရုပ်ဆောင် ကြူကြူသင်းက " ကျမတို့ရုပ်ရှင်သရုပ်ဆောင်တွေအကြောင်း အဓိကကတော့ကျမအကြောင်းပေါ့ ရုပ်ရှင်လောကမှာအနှစ်သုံးဆယ်ကျော်အလုပ်လုပ်လာတဲ့ကျမ အိမ်တလုံးတောင်မပိုင်ပါဘူး အရင်ကအဖေအမေဆိုင်တဲ့အိမ်ကြီးမှာ ညီကိုယ်မောင်နှမသိပ်ခင်တဲ့ကျမအမေဟာသူတို့တသက်အိမ်မဝယ်အိမ်ဝယ်ဘို့လဲတိုက်တွန်းလို့မရ နဲ့အမျိုးတွေနဲ့အိမ်ကြီးမှာပျော်ပျော်ကြီးနေကြတယ် သမီးဖြစ်သူရဲ့ရှေ့ရေးမတွေးတာလားတသက်လုံးဒီအိမ်မှာဘဲတည်ရှိမှာဘဲအတွေးနဲ့ပေါ့ အသက်တွေကြီးလာလို့သမီးဖြစ်တဲ့ကျမကိုခွဲသွားပြီးချိန်လဲကြရော ကျံညီကိုယ်မောင်နှမတွေအမွေခွဲတဲ့အချိန် အိမ်ဝယ်ဘို့တောင်မမှီတဲ့ငွေလေးနဲ့ကျမအိမ်ငုားဘဝရောက်တော့တာဘဲ.....

Photo credit - Kyukyu Thin Kyu Kyu Thin's facebook account
Photo credit - Kyukyu Thin Kyu Kyu Thin's facebook account

အများမြင်မှာရုပ်ရှင်တွေရိုက် ငွေတွေထောနေမှာဘဲလိုအမျာကမြင်ကြတယ် ကျမတယောက်ထဲရပ်တည်ရတဲ့ဘဝမှာ အိမ်လခ မီးဘိုးရေဘိုး တိုက်ခန်းနေသူတွေသာသိတာသောက်ရေကအစဝယ်သောက်ရတဲ့ခေတ် ရုပ်ရှင်တွေရိုက်ရတလှဲ့မရိုက်ရတလှဲ့နဲ့ကိုယ့်အခြေလေးရိုင်နေတာလူမသိအောင်ရပ်တည်နေခဲ့တာ ကားရိုက်ကြဲလာလေ စိတ်အတွေးတွေ​ေလလေပါဘဲ နောက်ကြတော့အသက်ရွယ်ရရောကားရိုက်တွေရပ်တန်သွားတဲ့အခါ အပူဘယ်သူကယ်မလဲမတွေးဘဲ ဘဝရပ်တည်ဖို့ အတွက်စျေးရောင်းခဲ့တယ် အတော်သင့်လေးရောင်းရယုံကှိသေးတဲ့အချိန်ခုလို ကပ်ဆိုးကြောင့်လုံးဝရပ်တော့တာဘဲ အဲ့အခါ ပေါင်းနေတဲ့အသိမိတ်ဆွေတွေက ကူညီဖေးမ ပေးကမ်းထောက်ပ့ံကြနဲ့ဝမ်းရေးတခုကိုအစဥ်ပြေခဲ့တာပါ ကျမထောက်ပ့ံမှု့တခုရတိုင်း ကိုယ့်စိတ်ကိုယ်မလုံဘူး တိုက်ခန်းနဲ့နေတဲ့ကျမတို့က ယူတယ် ထောက်ပ့ံတာကိုစားတယ်ဆိုတဲ့အတွေးတွေတွေးကြတဲ့သူတွေရှိကြပါတယ် ရွှေကြောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဖြစ်နေတဲ့ကျမတို့ယူ ရတာပါစာနာစိတ်နဲ့ပေးကမ်းကြတဲ့သူတွေကိုလဲ ဘုရားရှစ်ခိုးတိုင်းဆုတောင်းမေတ်တာပို့ပါတယ် ကျမလဲတချိန်ချိန်မှာပေးကမ်းနိုင်တဲလူဖြစ်ခြင်ပါတယ်" ဆိုပြီး သူမရဲ့ ဘဝအကြောင်းလေးကို ပြောပြလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Kyukyu Thin Kyu Kyu Thin's facebook account
Photo credit - Kyukyu Thin Kyu Kyu Thin's facebook account

Source & Photo credit - Kyukyu Thin Kyu Kyu Thin's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။