မန်ချက်စတာယူနိုက်တတ်အသင်းနဲ့ရီးရဲမက်ဒရစ် အသင်း ရဲ့ အဓိကတိုက်စစ်မှူးကြီးရော်နယ်ဒိုကတော့ မန်ယူအသင်းနဲ့အတူ ဆုဖလားများစွာရယူထားနိုင်သလို ရီးရဲမက်ဒရစ်အသင်းနဲ့လည်း ဆုဖလားတွေရယူထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ တစ်ဦးချင်းဆုတံဆိပ်တွေကို အများအပြားပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုကတော့ လက်ရှိမှာ စီးရီးအေကလပ်ကဂျုပီတပ်စ်အသင်းမှာ ကစားလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ 

photo credit : cristiano 's instagram account
photo credit : cristiano 's instagram account

လက်ရှိဂျုပီအသင်းနဲ့အတူ ပြည်တွင်းအမှတ်ပေးချန်ပီယံဖြစ်ဖို့တာစူနေတဲ့ ရော်နယ်ဒိုကတော့ မကြာခင်မှာ ဘောလုံးပွဲတွေပြန်လည်စတင်မှာဖြစ်တာကြောင့် ဂျုပီအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းလျက်ရှိနေပါတယ်။ မန်ယူပရိသတ်တွေ ယနေ့တိုင်အားပေးချစ်ခင်ကြဆဲဖြစ်တဲ့ ရော်နယ်ဒိုကတော့ ဆယ်စုနှစ်တစ်ခုရဲ့ မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ အကောင်းဆုံးတိုက်စ်မှူးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ 

photo credit : cristiano 's instagram account
photo credit : cristiano 's instagram account

ယနေ့ကတော့ ရော်နယ်ဒိုရဲ့ မန်ချက်စတာယူနိုက်အသင်းနဲ့အတူ ချန်ပီယံလိဒ်ဆုဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူးခဲ့တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ အဆိုပါအနေ့ရက်ကို မမေ့သေးဘဲ သူရဲ့ My dayမှာ အောင်ပွဲခံတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်တင်ထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မန်ချက်စတာယူနိုက်တတ်အသင်းနဲ့အတူ အောင်မြင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

source: cristiano 's instagram account  

photo credit : cristiano 's instagram account
photo credit : cristiano 's instagram account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။