ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အမွှေးအထူဆုံးသိုး အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ မြို့တော်အနီးမှ တွေ့ရှိခဲ့ရသော သိုးတစ်ကောင်ထံမှ သိုးမွှေး ၄၀ ကီလိုဂရမ်(၈၈ ပေါင်) ရရှိခဲ့သဖြင့် တရားဝင် မဟုတ်သော်လည်း ကမ္ဘာ့ အမွှေးအထူဆုံး သိုးအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

photo credit pngtree

ထိုသိုးကြီးကို သြစတြေလျနိုင်ငံ မြို့တော် ကင်ဘာရာမြို့အပြင်ဘက်၊ မြောက်ပိုင်းတစ်နေရာမှ တွေ့ရှိခဲ့ကာ ခရစ်စ်လို့ အမည်ပေးခဲ့ကြတာပါ။ သူ့ရဲ့ အမွှေးအလေးချိန်ကြောင့် ခရစ်စ်ဟာ လမ်းပင် မလျှောက်နိုင်တာကို တွေ့တဲ့သူများက ပြောကြားခဲ့ပါတယ်။ ခရစ်စ်ကို တွေ့ရှိသူများက ခေါ်ဆောင် မွေးမြူထားခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

"RSPCAAT" အမှုဆောင် အရာရှိချုပ် တမ်မီဗန်ဒေးက ခရစ်စ်ဟာ ငါးနှစ်ကျော်ကြာ လူများနှင့် မတွေ့ဆုံခဲ့ရဘဲ အမွှေးများလည်း အညှပ်မခံခဲ့ရကြောင်း ခန့်မှန်းခဲ့တာပါ။ ကမ္ဘာပေါ်မှာ အလေးဆုံး ဖြစ်နိုင်ဖွယ်ရှိသော အမွှေးများကို သယ်ဆောင်ထားရတဲ့ ခရစ်စ်ဟာ နယူးဇီလန်နိုင်ငံက ဘစ်ဘင်ရဲ့ အမွှေးအလေးချိန်ကို ကျော်လွန်ကာ စံချိန်ချိုးခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။