ပရိတ်သတ်ကြီးရေ......ဗီဒီယိုဇာတ်ကားခေတ်တည်းက အနုပညာလောကထဲမှာအောင်မြင်ကျော်ကြားလာခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ မင်းသမီးဆုပန်ထွာကို သိကြမယ်ထင်ပါတယ်နော်။

သူမဟာ ယခုဆိုရင်ခင်ပွန်းဖြစ်သူ ဥက္ကာကျော်နဲ့အတူသာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး သားငယ်လေး Roar Roar Kyawကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo credit-Okkar Kyaw's Facebook acc
Photo credit-Okkar Kyaw's Facebook acc

သားလေးRoar Roarဟာလည်း မေမေ့စကားကိုနားထောင်တဲ့ လိမ္မာရေးခြားရှိတဲ့ကလေးလေးဖြစ်ပြီး တတ်နိုင်သရွေ့လည်း မိဘကိုကူလုပ်ပေးတဲ့ ချစ်စရာကလေးလေးပါနော်။ ဒါ့ပြင်Roar Roarလေးဟာ ပါးဖောင်းဖောင်းလေးနဲ့ အင်မတန်ကိုချစ်စရာကောင်းတာကြောင့် ဖေဖေမေမေတို့ရဲ့အသည်းစွဲလေးဆိုလည်း မမှားပါဘူး။

ဆုပန်ထွာဟာလည်း ယနေ့ထိတိုင်အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး ပရိတ်သတ်တွေက သူမကိုသာမက သူမရဲ့မိသားစုလေးကိုပါ အချစ်တွေပိုနေရတာဖြစ်ပါတယ်။

Photo credit-Okkar Kyaw's Facebook acc
Photo credit-Okkar Kyaw's Facebook acc

ဆုပန်ထွာတို့မိသားစုလေးဟာ တိရစ္ဆာန်လေးတွေကိုအရမ်းချစ်တတ်ကြတဲ့သူတွေဖြစ်ပြီး အိမ်မှာလည်းတိရစ္ဆာန်လေးတွေအများကြီးကို မွေးထားကြတာပါ။ မကြာသေးခင်ကလည်း ဆုပန်ထွာရဲ့ခင်ပွန်းကိုဥက္ကာဟာ သူ့ရဲ့Facebookစာမျက်နှာတွင် ခွေးလေးတွေနဲ့အတူပျော်ရွှင်စွာဆော့ကစားနေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Okkar Kyaw's Facebook acc
Photo credit-Okkar Kyaw's Facebook acc

Source-Okkar Kyaw's Facebook acc

Photo credit-Okkar Kyaw's Facebook acc

Video Credit-Okkar Kyaw's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။