ပီပြင်ပိုင်နိုင်တဲ့ အကြမ်းစား သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်ကြီးတို့ရဲ့ အားပေးမှုတွေကို ရရှိထားပြီး ဇာတ်ကားကောင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင် အနုပညာရှင်ကတော့ ကျော်ဇင်ထွဋ်ပဲ ဖြစ်ပါတယ်နော်..။

ဗီလိန်ဇာတ်ရုပ်တွေနဲ့ ကျရာကာရိုက်တာတွေကို မျက်နှာထားကအစ ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးမှုတွေကို ရရှိထားကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောက်နေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Kyaw Zin Htut's FB Account
Photo Credit - Kyaw Zin Htut's FB Account

ကျော်ဇင်ထွဋ်ကတော့ အခုလို Covid ကာလမှာ ကြုံတွေ့ကြရတဲ့ အတွေ့အကြုံအကြောင်းလေးတွေနဲ့ အနုပညာလောကသားတွေရဲ့ အခက်အခဲလေးတွေကို ပြောပြလာခဲ့ပါတယ်နော်..။

"Covid ကာလတွေ ရက်ဆက်တိုးလိုက်တာ စိတ်ထဲ မကောင်းဘူး အလုပ်ပြန်လုပ်ဖို့အချိန်ဆိုတာ ဘယ်တော့မှန်းမသိဘူး မျှော်လင့်ချက်ပိုဝေးသွားတာပေါ့ ဒါပေမယ့်လည်း စိတ်ရှည်လက်ရှည်စောင့်ရမှာပဲလေ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ ကိုယ့်ဟာကိုယ်လေး အဆင်ပြေအောင် ဘယ်လိုကျော်ဖြတ်မလဲဆိုတာ ဒီတိုက်ပွဲကြီးပြီးသွားတဲ့တနေ့ ကိုယ့်ရဲ့ခန္ဓာနဲ့ ရုပ်နဲ့ ကျန်နေဖို့ အရေးကြီးတာပေါ့.." ဆိုပြီးတော့ ပြောပြထားပါသေးတယ်..။

Photo Credit - Kyaw Zin Htut's FB Account
Photo Credit - Kyaw Zin Htut's FB Account

ကိုဗစ်ကြောင့် ရုပ်ရှင်လောက တော်တော်အထိနာတယ် ရုပ်ရှင်လောကသည် ရှင်းရှင်းပြောရရင် ကောင်းတဲ့ကိစ္စသာ အကောင်းပြောမခံရတာ ဒါမယ့် အထိအနာဆုံးနဲ့ရင်ဘတ်ကြီးတွေ ရင်းပေးရတာ အနုပညာသမားတွေပါပဲ ဆိုပြီး ပြောပြထားတာပါ..။

"ရုပ်ရှင်လောကသားတွေ ပိုအထိနာမယ် ရုံဆိုရင်လည်း လူအများဝင်ရမယ့်နေရာ တော်ရုံတန်ရုံလည်း လာကြည့်ရဲမှာ မဟုတ်ဘူး ကြည့်လို့တယ်လို့ဖြစ်သွားရင်လည်း အရှက်တွေကွဲမယ် ကျွန်တော်တို့အနုပညာသမားသာဖြစ်ကြည့် ပိုးဆိုးပက်ဆက်ပြောကြမှာ ပေါကားကြည့်ရင်းနဲ့တော့ ဝူဟန်အဖြစ်မခံနဲ့ဆိုပြီး ပြောကောင်းပြောမှာပေါ့ ဒီလိုတွေက ကြားတတ်တာပေါ့ ကျွန်တော်အနုပညာသမားတွေက နောက်ဆုံးမှပဲ အလုပ်ပြန်လုပ်ရမယ့်အခြေအနေဖြစ်နေတယ် ဒါမယ့်တောင့်ခံပြီး နေကြရမှာပဲ.. " ဆိုပြီးတော ပြောပြထားတာ ဖြစ်ပါတယ်နော်..။

%hoto By Myanmarload
Photo By Myanmarload

Photo Credit - Kyaw Zin Htut's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။