ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ကျရာဇာတ်ရုက်တွေကို အကျွမ်းကျင်ဆုံးနဲ့ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ အမုန်းကိုတောင် ရရှိခဲ့ကြတဲ့ ဇာတ်ပို့သရုပ်ဆောင် လူကြမ်းအနုပညာရှင်တွေထဲမှာ ကိုကိုဦးကလည်း အပါအဝင်ပါပဲနော်..။

ဆယ်စုနှစ်တွေကတကည်းက ဇာတ်ကားပေါင်းများစွာ ရိုက်ကူးလာပြီး ယနေ့အချိန်ထိ အနုပညာအလုပ်တွေ လုပ်ဆောင်နေတဲ့ ကိုကိုဦးကတော့ ပရိသတ်တွေနဲ့ရင်းနှီးကျွမ်းဝင်သလို သားလေးကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တွေကို ပိုပိုပြီး ရရှိခဲ့ပါတယ်နော်..။

Photo Credit - Thiha Aung's FB Account
Photo Credit - Thiha Aung's FB Account

ကိုကိုဦးကတော့ သားလေးရဲ့ အနုပညာအလုပ်တွေကို ဖေးမကူညီပေးနေရင်း သားလေးရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းလေးတွေနဲ့ သားလေးအတွက် ပရိသတ်တွေက မုန့်တွေ ပို့ပေးကြတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလာပါတယ်..။

အခုလို Covid ဖြစ်နေတဲ့အချိန်မှာ ချယ်ရီသင်းက MTV ရိုက်ဖို့ ကမ်းလှမ်းလာလို့ ဝမ်းသာရတဲ့အကြောင်းလေးအပြင် သားလေးအတွက် မုန့်တွေ ပို့ပေးကြတဲ့ ပရိသတ်တွေကို မုန့်တွေ မပိူ့ကြဖို့ တောင်းပန်ထားရတဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။

Photo Credit - Thiha Aung's FB Account
Photo Credit - Thiha Aung's FB Account

"ပရိသတ်တွေက သားလေးကို မုန့်တွေပို့ကြတဲ့အပေါ်မှာလည်း မပို့ပါနဲ့လို့တောင်းပန်ရတယ် စားလို့ မကုန်ဘူး ပြီးတော့ အခုလိုအချိန် လူတိုင်းက ငွေရေးကြေးရေးက ဘယ်လိုမှ ရှာလို့မလွယ်တော့ ကလေးတွေကိုလည်း သူတို့ပိုက်ဆံကို နှမျောတယ် အဲ့တော့ မပို့ပါနဲ့လို့ တောင်းပန်ရတယ်.." ဆိုပြီး ကိုကိုဦးက ပြောပြထားတာ ဖြစ်ပါတယ်နော်..။

အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း သားလေးက အနုပညာမှာ သရုပ်ဆောင်မော်လ်ဒယ်တစ်ယောက်ဖြစ်တဲ့အတွက် သူကကျရာကာရိုက်တာမှာ သရုပ်ဆောင်ရတာမို့ အဲ့လိုသရုပ်ဆောင်ရတဲ့အပေါ်မှာမှ အထင်မှား အမြင်မှားလေးတွေရှိရင် ခွင့်လွှတ်ပေးပါ ဆိုပြီတော့ ပြောပြထားတဲ့ ကိုကိုဦးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Thiha Aung's FB Account
Photo Credit - Thiha Aung's FB Account

Photo Credit - Thiha Aung's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။