ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေ များစွာရိုက်ကူးထားပြီး ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေများစွာထဲမှာ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကလည်း အပါအဝင်ပါပဲ..။

ပီပြင်တဲ့ သရုပ်ဆောင်မှုတွေအပြင် ပွင့်လင်းတဲ့ စကားပြောဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက သတိထားမိလာသလို ပျော်ပျော်နေတတ်တဲ့ မိသားစုပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျစေတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Nhying Shin's FB Account
Photo Credit - Nhying Shin's FB Account

နှိုင်းယှဉ်မြင့်မိုရ်ကတော့ အခုလို Covid ဖြစ်နေတဲ့ အချိန်ကာလ ပြည်သူပရိသတ်တွေနဲ့ အများနည်းတူ အိမ်မှာပဲ Stay Home နေရတဲ့အချိန်မှာ အဆိုးထဲက အကောင်းဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းလေးကို ပြောပြလာခဲ့ပါတယ်နော်..။

ရုပ်ရှင်လောကမှာ အခုလို Stay Home ကာလမတိုင်ခင်ကတည်းက အခက်အခဲအကြပ်အတည်းတွေ ရှိနေပြီး အခုလို Stay Home နေရတဲ့အချိန်မှာတော့ ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကို ထုတ်သုံးသလိုဖြစ်သွားပြီး စီးပွားရေးတွေ လုပ်ဖြစ်တဲ့အကြောင်း ပြောပြလာတာပါ..။

Photo Credit - Nhying Shin's FB Account
Photo Credit - Nhying Shin's FB Account

အရင်တုန်းကဆို အလုပ်တွေလုပ်ပြီး ကားပြန်ရိုက်ရမလားဆိုပြီး တွေးပြီး အခုလိုအချိန်မှာတော့ အွန်လိုင်းရှော့ပင်တွေလုပ်၊ Live လွှင့်ပြီး အိမ်ကနေ ဈေးရောင်းကြလို့ စီးပွားရေးတစ်ခုအတွက် လုပ်လိုက်သလို ဖြစ်တာမို့ အဆိုးထဲက အကောင်းတစ်ခုပါပဲ ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်နော်..။

"အရင်က အလုပ်တွေကို ပြန်သတိရတဲ့စိတ် အရင်က အလုပ်တွေကို တန်ထိုးမထားခဲ့တဲ့အချိန်တွေရှိခဲ့တဲ့အတွက် အလုပ်ပြန်လုပ်ရင် ဘယ်လိုအားပြန်စိုက်မယ် ဘယ်လိုပြန်လုပ်ရမလဲဆိုတဲ့စိတ်တွေ ဝင်တယ်.." ဆိုပြီး ပြောပြထားသေးတဲ့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo Credit - Nhying Shin's FB Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။