ပရိတ်သတ်ကြီးရေ.....ဗီဒီယိုဇာတ်ကားများ၊ကြော်ငြာများနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာပြီး ချစ်စရာအပြုံးချိုချိုလေးတွေနဲ့ပရိတ်သတ်အချစ်တော်မင်းသမီးလေး ပိုးအိအိခန့်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာရိုးရိုးအေးအေးလေးနေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ သာယာကြည်နူးဖွယ်အိ‌မ်ထောင်တစ်ခုကိုတည်ထောင်ထားတာပါ။ဒါ့ပြင်ချစ်စရာကောင်းတဲ့ သားငယ်လေးသဲကိုးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

ပိုးအိအိခန့်ဟာ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီသသူလည်းဖြစ်ပြီး ပရိတ်သတ်တွေကသူမတို့မိသားစုလေးကို အချစ်တွေပိုနေရတာပါ။ သူမဟာအနုပညာအလုပ်တွေကို ခဏရပ်နားထားပေမယ့်လည်း ပရိတ်သတ်တွေအတွက်သူမတို့မိသားစုပုံရိပ်လေးတွေကို မကြာခဏတင်ပေးလေ့ရှိသူဖြစ်ပါတယ်။ ဒါ့ပြင်ပိုးအိဟာ ခင်ပွန်းဖြစ်သူကိုလည်းဂရုစိုက်တတ်တဲ့သူတစ်ယောက်လည်းဖြစ်ပြီး ကြည်နူးစရာစုံတွဲလေးဖြစ်ပါတယ်နော်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

မကြာသေးမီကလည်း ပိုးအိဟာသူမရဲ့Facebookစာမျက်နှာတွင် "Happy Birthday Koe Koe’s Daddy ကိုးလေးက ပူစီပေါင်း မမြင်ဖူးလို့ ကြောက်နေတာ ကျွန်မရဲ့ အိမ်နေရင်းအလှတော့ သည်းခံပေးပါရှင် အဝတ်အစားလဲထားရင် ရိပ်မိမှာဆိုးလို့ပါ" ဆိုပြီး ခင်ပွန်းအောင်သူရဲ့မွေးနေ့အမှတ်တရပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

Source-Poe Ei Ei Khant's Facebook acc

Photo credit-Poe Ei Ei Khant's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။