ဟာသသရုပ်ဆောင် ခင်လှိုင်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ခင်လှိုင်က ယနေ့အချိန်အထိ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်ခဲ့သလို ကိုယ်တိုင်ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားတွေရိုက်ကူးနေတာ ဖြစ်ပါတယ် ။ စိတ်ထားကောင်းပြီး ပျော်ပျော်နေတဲ့ ခင်လှိုင်က အားလုံးကြားမှာ အမြဲတမ်း လူချစ်လူခင်ပေါများလို့နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc

ခင်လှိုင်ကတော့ သား၊သမီးတွေနဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ ခင်လှိုင်တစ်ယောက် သားနေရဲ၊ သမီးလေးသဇင်ထူးမြင့်တို့နဲ့အတူ "မိသားစုလိုက် ခြံထဲ လာရှင်း" ဆိုပြီး Facebook မှာ Live လွှင့်ခဲ့တာ ဖြစ်ပါတယ် ။ ခင်လှိုင်တို့ကတော့ ခြံထဲကိုမိသားစုလိုက်ပျော်ပျော်ရွှင်ရွှင်ရောက်ရှိနေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc

ခင်လှိုင်တို့မိသားစုက ကျယ်ဝန်းလှတဲ့ခြံအကျယ်ကြီးထဲမှာ အပင်တွေစိုက်ပျိုးဖို့ အခုလိုခြံရှင်းနေတာပဲ ဖြစ်ပါတယ် ။ ခင်လှိုင်ကတော့ ခြံအတွက်လိုအပ်တာတွေညွှန်ကြားနေသလို ချစ်ဇနီးနဲ့ သား၊သမီးတွေကလည်း ပျော်ပျော်ပါးပါး စကားတွေပြောနေကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ခြံထဲကိုမိသားစုလိုက်ရောက်ရှိနေကြတဲ့ ခင်လှိုင်တို့ရဲ့ Live ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ 

Source & Video Credit-Khin Hlaing's FB Acc

Photo Credit-Khin Hlaing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။