ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အချစ်တွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ချစ်စရာသားသားလေးနဲ့ ကြည်နူးပျော်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူကတော့ မင်းသမီးချော ဆုပန်ထွာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်အချစ်တော်လေး ပန်ပန်ကတော့ သရုပ်ဆောင်ကောင်းသလို ပွင်လင်းတဲ့စကားပြောဟန်ပန်၊ အမြဲသွက်လက်နေတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းတာမို့လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account

ပန်ပန်တို့မိသားစုလေးကတော့ Covid ကာလ Stay Home နေရတဲ့အချိန် ဘယ်မှမသွားကြပေမယ့် မိသားစုလိုက် မဖြစ်မနေ အပြင်ထွက်ပြီး ရာသီတုပ်ကွေးကာကွယ်ဆေး သွားထိုးခဲ့ကြတဲ့ အကြောင်းလေးကို ပြောပြလာပါတယ်..။

နှစ်စဉ်နှစ်တိုင်းထိုးနေကျဖြစ်တဲ့ လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးသွားထိုးကြတာဖြစ်ပြီး ရင်တထိတိထိတ်နဲ့ မဖြစ်မနေဆေးရုံသွားရတာမို့ စိုးရိမ်စိတ်ကလေးတွေဖြစ်ပေမယ့် Save ဖြစ်အောင် ဂရုစိုက်ဖြစ်ကြတဲ့အကြောင်းလေးကိုလည်း ပန်ပန်က ပြောပြထားတာပါ..။

Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account

"ဒီနှစ်ကအရင်နှစ်နဲ့မတူ Covid 19 ကပ်ရောဂါရှိတာမို့ ရောဂါလက္ခဏာတူတဲ့အတွက် ပိုထိုးသင့်တာမို့ သွားထိုးဖြစ်ခဲ့ပါတယ်။

ခုချိန် မဖြစ်မနေဆေးရုံဆေးခန်းသွားရတာမို့ ရင်ထဲတထိတ်ထိတ်နဲ့ပါ။

ကာကွယ်ဆေးမထိုးမဖြစ်လို့ သွားရတယ်ဆိုပေမယ့် တစ်မိသားစုလုံး Save ဖြစ်အောင် ဆေးရုံထဲ ဘယ်မှမထိုင်ဖြစ်ပဲ မြန်မြန်ဆေးထိုး၊ မြန်မြန်ပြန်လာ၊ အိမ်ရောက်တော့ အကုန်လုံးနောက်‌ပေါက်ကနေ ရေချိုးတစ်ခါတည်းလျော်စက်ထဲ တန်းထည့်လျော်ကြနဲ့။

ဒီတစ်ခါ အိမ်အပြင်တစ်ခါထွက်ရတာ စိုးရိမ်စိတ်ပေါင်းများစွာနဲ့ပါ.." ဆိုပြီး မဖြစ်မနေ အပြင်ထွက်ရတဲ့အကြောင်းလေးကို ပြောပြထားပါတယ်နော်..။

"ဘာပဲဖြစ်ဖြစ် "Flu vaccine"

(Vaxigrip Tetra 2020 , Myanmar FDA approved)

ကာကွယ်ဆေးထိုးဖို့တော့ အားလုံးကိုတိုက်တွန်းပါရစေ။

ဖြစ်မှကုသတာထက် ကြိုတင်ကာကွယ်တာပိုပြီးထိရောက်ပါတယ်ရှင့်။.." ဆိုပြီးတော့လာ်း ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးကြဖို့လည်း ပန်ပန်က တိုက်တွန်းထားပါသေးတယ်..။

Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account
Photo Credit - Supan Htwar's FB Account

Source & Photo Credit - Supan Htwar's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။