ပရိသတ်ကြီးရေ အကယ်ဒမီများရှင် ဝါဝါဝင်းရွှေကတော့ အခုချိန်မှာဆိုရင် ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာပဲဖြစ်ပါတယ်။ဝါဝါဝင်းရွှေရဲ့ချစ်ခင်ပွန်းကတော့ ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားခဲ့တာ (၁၀)လပြည့်သွားပြီဖြစ်ပါတယ်။အန်တီဝါဝါဝင်းရွှေကတော့ ချစ်ခင်ပွန်းရဲ့(၁၀)လပြည့်နေ့လေးမှာ ကုသိုလ်ကောင်းမှူတွေကိုလုပ်ဆောင်ခဲ့ပြီး ပန်းလှလှလေးတွေကိုကိုယ်တိုင်ထိုးကာ ချစ်ခင်ပွန်းရဲ့အုတ်ဂူလေးပေါ်မှာ တင်ပေးခဲ့တာဖြစ်ပါတယ်။

Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account

ဝါဝါဝင်းရွှေက"ဘယ်တော့မှမေ့မရနိုင်တဲ့ ဒယ်ဒီရေ ကျန်ရစ်သူက ရက်တွေ လက်ရေချိုးတော့---ရက်ပေါင်း ၃၀၀ ၊ လပေါင်း ၁၀ လပြည့်ခဲ့ပြန်ပါပြီ၊မိုးတိမ်မဲတွေ တလိပ်လိပ်တက်ပြီးဘယ်အညိုးနဲ့များရွာနေတာလားမိုးဒေဝါရယ် မြရွှေပင်ဓမ္မရိပ် မှာ ကွာရတင်းကြနေတဲ့လူ ၃၀၀ ကို ဒယ်ဒီအတွက်ရည်စူးပြီးအဟာရဒါန ကြာဇံကြော် ဘူး၃၀၀ လှူဖို့ကိုယ်တိုင်လုပ်ကိုင်နေတဲ့ အချိန်မှာပေါ့ ဆုတောင်းပြည့်ခဲ့ပါပြီ ဒီနေ့မှာတော့ မိုးလွတ် လေလွတ်နဲ့အလှူတစ်ခုအထမြောက်ခဲ့ပါပြီချစ်မာကိုယ်တိုင်ထိုးတဲ့ပန်းလေး ဒယ်ဒီကတဆင့်မြတ်စွာဘုရားကိုလှူပါနော်"

Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account

"ခုလိုလမိုက်ညမှာ ဒယ်ဒီမှောင်ထဲမှာနေရမှာပေါ့ လပြည့်ညရောက်ပြန်တော့လဲ ဒယ်ဒီအိပ်စက်တဲ့နေရာလေးကလရောင်ရဲ့အေးမြတဲ့အလင်းအောက်မှာသာယာ တိတ်ဆိတ်နေမှာပါနော်။ နေပူရင်ပူရှာမှာပေါ့။ မိုးကြီးရင်တော့ ဒယ်ဒီနားခိုရာလေးကလုံပါတယ်ပေါ့လို့ ရူးခဲ့ရပြန်တယ်။ဒယ်ဒီလူ့ဘဝတုန်းက ချစ်မာ နဲ့ပြုခဲ့ကြတဲ့ကုသိုလ်ကောင်းမှုတွေရောနေ့စဉ် လစဉ် လုပ်တဲ့ကုသိုလ်တွေ ဒီနေ့ပြုလုပ်တဲ့ကုသိုလ် တွေကို မြင့်မြတ်တဲ့ ဘုံဘဝကနေ သာဓု ခေါ်ပါနော်။ဝေနေယျပုဂ္ဂိုလ် အပေါင်းကိုလည်းအမျှ အမျှ အမျှ ပေးဝေလိုက်ပါတယ်။"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account

Source&Photo Credit:Wa Wa Win Shwe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။