ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ဆွဲဆောင်မှုရှိရှိ ပုရိသအပေါင်းကိုဆွဲဆောင်ညှို့ယူဖမ်းစားခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင်ရွှေပိုးအိမ်ကိုသိကြမယ်ထင်ပါတယ်နော်။ မော်ဒယ်လ်လောကကနေ အနုပညာနယ်ပယ်ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီးပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို လက်ခံရရှိထားတာဖြစ်ပါတယ်။ အပြုံးချိုလေးတွေကြောင့်လည်း အမျိုးသားပရိသတ်တွေကသာမက အမျိုးသမီးပရိသတ်တွေကပါ ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်။

Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account

ရွှေပိုးအိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုဆိုရင်လည်း ပရိသတ်တွေက အားပေးကြည့်ရှုကြပြီး သူမရဲ့ ပိုင်နိုင်တိကျတဲ့ သရုပ်ဆောင်တွေကြောင့် ပရိသတ်ကြီက ဇာတ်ကားထဲ စီးမျောပါသွားရပါတယ်နော်။ရွှေပိုးအိမ်က ပြည့်ပြည့်ဖောင်းဖောင်းလေး နဲ့ချစ်စရာကောင်းတဲ့ ပုံလေးကြောင့် လူချစ်လူခင် ပေါများကာပရိသတ်တွေ ချစ်ခင်ကြတာလည်းဖြစ်ပါတယ်။

Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account

ရွှေပိုးကတော့ အနုပညာအလုပ်တွေဆက်တိုက် လုပ်နေတာဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်ပါဝင်ကူညီလုပ်ကိုင်သူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း သက်စေ့ dead body ၂၈ လောင်းကို ကိုယ်တိုင် ပို့ဆောင်ကာ ကုသိုလ်ယူခဲ့တဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး လေးစားအားကျမိတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account

Source & Photo Credit : Shwe Poe Eain Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။