ပရိသတ်ကြီး မင်းသားဝေဠုကျော် ကတော့ အရင်ဗီဒီယို ခေတ်ကာလက အနုပညာလောကမှာ လူကြီး လူငယ်မရွေး သဘောကျကြအားပေးချစ်ခင်ခဲ့ရတဲ့ နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်မင်းသားကြီးပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို အရင်ကထပ်မလုပ်တော့ပေးမယ့် ဖြည်းဖြည်းမှန်မှန်နဲ့သာလုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။

Photo Credit - Wai Lu Kyaw Foundation
Photo Credit - Wai Lu Kyaw Foundation

ဒါ့အပြင် ဝေဠုကျော်ကတော့ လူမှုရေးအကျိုးပြု ပရဟိတ လုပ်ငန်းတွေကိုလည်း ကိုယ်ကျိုးမငဲ့ပဲ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပေးနေတဲ့ လေးစားဖွယ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း ဝေဠုကျော် ကတော့ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလအတွင်း အသည်းမှာကျောက်တည်လို့ ဆေးရုံတက်နေရတဲ့ ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီးဖြစ်တဲ့ အသက် ၇၃ နှစ်အရွယ် ဦးအောင်စည် ရဲ့ လိုအပ်တဲ့ အကူညီတွေရရှိဖို့အတွက် တက်နိုင်သလောက် ထည့်ဝင်လှူဒါန်းပေးအတွက် စေတနာရှင်တွေကိုအလှူခံထားခဲ့ပါတယ်။

Photo Credit - Wai Lu Kyaw Foundation
Photo Credit - Wai Lu Kyaw Foundation

သူ့ရဲ့ဝေဠုကျော် ဖောင်ဒေးရှင်း page မှာတော့ "တချိန်က လူကြမ်းသရုပ်ဆောင် အောင်စည်..အခုတော့ အသက်၇၃ နှစ်ရှိပြီဖြစ်သည့် ဦးအောင်စည်..ကပ်ရောဂါကာလမှာ အသည်းမှာ ကျောက်တည်လို့သန်လျင်ဆေးရုံမှာ တက်ပြီး ခွဲထုတ် ရပါတယ်။စားဝတ်နေရေး မပြေလည်တော့ ဆေးဝါးတွေဝယ်ဖို့ ပိုနေသူက လိုနေသူထံသို့ 5000/10000ကအစ ထည့်ဝင် ကူပေး လှူပေးကြဖို့ အလှူခံတင်ပါရစေ" ဆိုပြီး ရေးသားထားပါတယ်။ ဒါ့အပြင် လှူဒါန်းပေးချင်တဲ့ စေတနာရှင်တို့အတွက်လည်း သူ့ရဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း page မှာ ဖော်ပြပေးထားပါတယ်နော်...။

Photo Credit - Wai Lu Kyaw Foundation

Source - Wai Lu Kyaw Foundation's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။