ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားကြတဲ့ MRTV-4 မင်းသမီးချောလေးတွေထဲ ခြူးလေးကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းသူလေးမို့ ပရိသတ်တွေကအားလုံးက သဘောကျနေကြသူလေးပါ..။

ဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရင်ထဲ ရောက်ရှိနေရာယူထားတဲ့ အချစ်တော်လေး သူမကတော့ Tik Tok ဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေကို အချ်ပိုစေသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Chue Chue's FB Account
Photo Credit - Chue Chue's FB Account

Tik Tok လေးတွေကို အမျိုးမျိုး မရိုးနိုင်အောင် ဆော့ကစားတတ်တဲ့ ခြူးလေးကတော့ အခုတစ်ခါမှာလည်း ကကွက်ပေါင်းစုံနဲ့ မျက်နှာပြောင်ပြီး ဆော့ကစားထားတဲ့ Tik Tok လေးတွေကို ဝေမျှထားတာပဲ ဖြစ်ပညတယ်နော်..။

ချစ်စရာကောင်းနေတဲ့ ခြူးလေးရဲ့ Tik Tok ဗီဒီယိုလေးတွေကိုလည်း ပရိသတ်ကလည်း ချစ်စရာကောင်းပြီး သဘောကျနေကြတဲ့ အကြောင်းလေးတွေကိုလည်း မှတ်ချက်ပေး ရေးသားထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Chue Chue's FB Account
Photo Credit - Chue Chue's FB Account

"ဒီနေ့ က အလုပ်လုပ်တာ နည်းနည်း

ဆော့တာ များများ ...." ဆိုပြီး မျက်နှာပြောင်ကာ ဆော့ကစားထားတဲ့ Tik Tok အခွီဗီဒီယိုလေးတွေကို ခြူးလေးက ချစ်ပရိသတ်တွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ဆော့တာများသွားတယ်ဆိုတဲ့ ပရိသတ်အချစ်တော် ခြူးလေးရဲ့ Tik Tok လေးတွေကိုကြည့်ရင်း ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Chue Chue's FB Account
Photo Credit - Chue Chue's FB Account

Source & Photo Credit - Chue Chue's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။