ပုရိသယောကျ်ားလေး ပရိသတ်တွေကြားမှာ ရေပန်းစားပြီး မိန်းကလေးပရိသတ်တွေကပါ တစ်ခဲနက်အားပေးချင်းကို ခံထားရတဲ့ သူလေးကတော့ လိင်ခွဲစိတ်မှုပြုလုပ်ထားပြီး Lady Boy ဘဝကနေ မိန်းကလေးဘဝကို ပြောင်းလဲထားတဲ့ မျိုးကိုကိုစန်းပဲဖြစ်ပါတယ်။ သူမကလတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအဖြစ် Photo Shooting တွေရိုက်နေတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့် အားလုံးရဲ့ ဝန်းရံမှုကို ရရှိနေသူလေးလည်းဖြစ်ပါတယ်.....။

Photo credit - Myo Ko Ko San's facebook account
Photo credit - Myo Ko Ko San's facebook account

မျက်နှာပြုပြင်ခွဲစိတ်မှုမပြုလုပ်ထားပဲနဲ သဘာဝအတိုင်းချစ်စရာကောင်းနေတဲ့ သူလေးမို့ ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ အမျိုးသားထုကြီးရဲ့ ဝန်းရံမှုကို အပြည့် အဝရရှိနေတဲ့သူမကလည်း ပရိသတ် တွေကို တလေးတစားနဲ့ပြန်ပြီး အလေးပေးဂရုစိုက် တာကိုလည်း တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကတော့ သူမရဲ့ဆွဲဆောင်မှုတစ်ခုဆိုရင်လည်းမမှားနိုင်ပါဘူးနော်.....။

Photo credit - Myo Ko Ko San's facebook account
Photo credit - Myo Ko Ko San's facebook account

မကြာသေးမီအချိန်က မျိုးကိုကိုစန်းက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " ထင်းရှူးတောထဲမသွားချင်ပါဘူးဆို အတင်းခေါ်သွားတုန်းက " ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုပြီး အသည်းယားနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.. ။ ပရိသတ်ကြီးကလည်း မျိုးကိုကိုစန်းရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Myo Ko Ko San's facebook account

Source & Photo credit - Myo Ko Ko San's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။