သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေများစွာကို ရိုက်ကူးနေရတဲ့ သူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်... ။ ဒါ့အပြင် ခင်သဇင်က ကြော်ငြာတွေနဲ့ photo shooting တွေကို လက်ခံရိုက်ကူးနေရတဲ့ သူလေးပဲဖြစ်ပါတယ်။ 

Photo credit - ဘန် နီ သစ်
Photo credit - ဘန် နီ သစ်
Photo credit - ဘန် နီ သစ်

ခင်သဇင်က အနုပညာလှုပ်ရှားမှုအပြင် ပရဟိတ လုပ်ငန်းတွေမှာလည်း စိတ်အားထက်သန်စွာ ကူညီလုပ်ကိုင်ပေးတက်တဲ့ သူလေးဖြစ်လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ပရဟိတ မင်းသမီးလေးလို့ ချီးကျူးပြောဆိုနေကြတာပါနော်။ သူမက ယခုလက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေကို ပါဝင် ရိုက်ကူးနေပြီး MRTV -4မှာ ပြသနေတဲ့ "အချစ်ဖွဲ့လေညင်း " ဇာတ်လမ်းတွဲလေးထဲမှာလည်း သရုပ်ဆောင်ထားပါ​သေးတယ်နော်......။

Photo credit - ဘန် နီ သစ်
Photo credit - ဘန် နီ သစ်
Photo credit - ဘန် နီ သစ်

မကြာသေးမီက သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ " ဟင် ... ကိုကြီး နဲ့ မမမိုးက အပြင်မှာကျ ဟိုဒင်း ဟိုဟာလည်း ဟုတ်ဖူး ... စာပဲ ကုန်းကျက်နေကြတယ် mood ထည့်ထားတော့ ဆူပုတ်နေသေး " ဆိုတဲ့ စာသားလေးနဲ့အတူ ရိုက်ကွင်းနောက်ကွယ်က ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ 

ကဲ ချစ်ရတဲ့ ပရိသတ်တွေအတွက် ခင်သဇင်ရဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - ဘန် နီ သစ်
Photo credit - ဘန် နီ သစ်
Photo credit - ဘန် နီ သစ်
Photo credit - ဘန် နီ သစ်

Photo credit - ဘန် နီ သစ်

Source - Khin Thazin's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။