ပရိသတ်ကြီးရေ.. နန္ဒာလှိုင်လို့ ဆိုလိုက်တာနဲ့ ပီပြင်သရုပ်ဆောင်ကောင်းမှုတွေအပြင် ချောမောလှပပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပမှုတွေနဲ့အတူ တချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေနဲ့ ထိပ်တန်းကနေ ရပ်တည်နေတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချော တစ်ဦးကို ပရိသတ်တွေ မြင်ယောင်မိမှာပါနော်..။

ပုရိသပရိသတ်တွေရဲ့ ရင်ထဲနေရာအပြည့်ယူနိုင်ခဲ့ပြီး မိန်းကလေးပရိသတ်တွေကပါ တခဲနက်အားပေးချစ်ခင်ကြတဲ့ နန္ဒာလှိုင်ကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် ပရိသတ်တွေကတော့ ယနေ့တိုင်ချစ်ခင်အားပေးနေကြဆဲပါပဲနော်..။

Photo Credit - Nandar Hlaing's FB Account
Photo Credit - Nandar Hlaing's FB Account
Photo Credit - Nandar Hlaing's FB Account

အနုပညာလောကမှာ ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထားတဲ့အပြင် ချစ်စရာသမီးလေးတွေနဲ့အတူ ကြည်နူးပျော်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာလည်းမို့ ပရိသတ်တွေက အားကျချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်နော်..။

ပရိသတ်အချစ်တော် မင်းသမီးချောနန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေ နည်းပါးနေပေမယ့် မိသားစုလှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း သူမကိုယ်တိုင်လုပ်ထားတဲ့ ပေါင်မုန့်လေးကို သမီးလေးတွေ စားငြလို့ ပျော်နေတဲ့အကြောင်းလေးကို ပြောပြလာပါတယ်နော်..။

Photo Credit - Nandar Hlaing's FB Account
Photo Credit - Nandar Hlaing's FB Account
Photo Credit - Nandar Hlaing's FB Account

သမီးလေးတွေအတွက် ရည်ရွယ်ပြီး ကိုယ်တိုင်အပင်ပန်းခံဖုတ်ထားတဲ့ မုန်လာဥနီပေါင်မုန့်လေးတွေကို သမီးလေးတွေကအရမ်းကြိုက်ပြီး အားရပါးရစားကြလို့ ပျော်နေတဲ့အကြောင်းလေးကို ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

"သမီးတွေအတွက် မေမေဖုတ်ပေးတဲ့ မုန်လာဥနီပေါင်မုန့်

ကလေးတွေက အရမ်းကြိုက်လို့ မေမေပျော်ပြီလေ.." ဆိုပြီး ချစ်ရသူတွေကိုလည်း အပျော်လေးတွေကို မျှဝေထားတာဖြစ်တာမို့ ပရိသတ်တွေကလည်း ချီးကျူးစကားလေးတွေပြောကာ သဘောကျနေကြပါတယ်နော်..။

Photo Credit - Nandar Hlaing's FB Account
Photo Credit - Nandar Hlaing's FB Account
Photo Credit - Nandar Hlaing's FB Account

Source & Photo Credit - Nandar Hlaing's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။