ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ရေနံစိမ်းကို ချက်လုပ်ပြီး ထွက်ရှိလာတဲ့ ပစ္စည်းတွေနှင့် နယူးယောက်မြို့က စွမ်းအင်သုံးစွဲမှုအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုပစ္စည်းတွေကတော့ ဓာတ်မြေသြဇာ၊ ပလတ်စတစ်၊ ကားတာယာ၊ အမိုးနီးယား၊ ရေမွှေး၊ ပီကေအစရှိတာတွေပဲ ဖြစ်ပါတယ်။ ရေနံစိမ်းကို ချက်လုပ်ရာမှ ထွက်ရှိသော ရေနံထွက်ပစ္စည်းတွေကို ဓာတုဗေဒနည်းအသုံးပြုကာ ပြုလုပ်တာ ဖြစ်ပါတယ်။
ရေနံဟာ အရည်နှင့် အစိုင်အခဲ ဖြစ်လုနီးပါးအခြေနေကြားမှာရှိတာကြောင့် ပြစ်ချွဲနေပါတယ်။ ဒါ့အပြင် နယူးယောက်မြို့မှာ လူတစ်ဦးချင်း စွမ်းအင်သုံးစွဲမှုဟာ အနိမ့်ဆုံး ဖြစ်တယ်လို့သိရပါတယ်။ NYMEX ရေနံစိမ်များ ဝယ်ယူရန် ချုပ်ဆိုထားသော ကန်ထရိုက်စာချုပ်များအတွက် အိုကလာ ဟိုးမားရှိ ကုရှင်မြို့မှာ ရေနံစိမ်းများ ပေးပိုးမယ့် အဓိကနေရာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ ၂၀၀၉ ခုနှစ်မှာ တစ်နှစ်တာသုံးစွဲခဲ့သော ရေနံ ၅၁ ရာခိုင်နှုန်းကို ပြည်ပမှ ဝယ်ယူခဲ့တာပါ။ အိုပက်နိုင်ငံများမှာ ကမ္ဘာ့အရံ ရေနံစိမ်း သုံးပုံ နှစ်ပုံကျော်ကို သိုလှောင်ထားပြိး သိုလှေင်ထားမှုဟာ ဆက်လက် မြင့်တက် လျက်ရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ နယ်စပ်များမှာ သွယ်တန်းထားသော ရေနံပိုက်လိုင်းများဟာ မိုင် ၂၀၀၀၀၀ ကျော် ရှည်လျားပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။