ပရိသတ်ကြီးရေ သရုပ်ဆောင်ကျော်ကျော်၊ဆုမြတ်နိုးဦး၊ညီထွဋ်ခေါင်တို့သူငယ်ချင်းသုံးယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ BFFတွေဖြစ်ကြပါတယ်နော်။သုံးယောက်လုံးက သရုပ်ဆောင်တွေဖြစ်ကြလို့ အနုပညာအလုပ်နဲ့ပက်သက်ရင်လည်း အကြံဉာဏ်တွေပေးပြီး အချင်းချင်းကူညီရိုင်းပင်ကြလို့ အားကျစရာကောင်းတဲ့ သူငယ်ချင်းအဖွဲ့လေးပဲဖြစ်ပါတယ်။

Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ
Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ

ဆုမြတ်နိုးဦးရဲ့မိခင်က မကြာသေးခင်ကဆုံးပါးသွားခဲ့တာကြောင့် ကျော်ကျော်နဲ့ညီထွဋ်ခေါင်တို့က သူငယ်ချင်းကိုနှစ်သိမ့်ပြီးဖေးမကြပါတယ်နော်။အခုဆိုရင်တော့ ဆုမြတ်နိုးဦးလည်း စနောက်တတ်တဲ့သူငယ်ချင်းတွေကြောင့် ပြုံးရွှင်ရယ်မောလာပြီး ဗီဒီယိုဖိုင်လေးတွေရိုက်ပြီးတော့လည်း မျှဝေနေတာဖြစ်ပါတယ်။သူငယ်ချင်းသုံးယောက်ကတော့ ဟာသတွေလည်းအရမ်းလုပ်တတ်လွန်းလို့ ပရိသတ်တွေကသဘောကျနေကြတာပါ။

Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ
Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ

သုံးယောက်လုံးက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဆေးထိုးကြပြီး စိတ်မဆိုးတတ်ဘဲ ချစ်ချစ်ခင်ခင်ရှိကြပါတယ်နော်။အခုဆိုရင်လည်း ကျော်ကျော်တို့သူငယ်ချင်းသုံးယောက်က ရယ်မောစရာတွေပြောပြီး အစားအသောက်တွေအားရပါးရစားနေကြကာ ပျော်ရွှင်နေကြတာဖြစ်ပါတယ်။ချစ်ချစ်ခင်ခင်ရှိပြီး စနောက်ပျော်ရွှင်နေကြတဲ့ ကျော်ကျော်တို့သူငယ်ချင်းတွေရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ
Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ

Source&Photo Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ

Video Credit:N-H-K=ဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။