ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ညဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ အနုပညာလောမှာ အောင်မြင်ကျော်ကြားတဲ့မင်းသမီးတစ်ဦးအဖြစ် ထိပ်တန်းကနေရပ်တည်နေပြီး ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်အဖြစ် လျှောက်လှမ်းရပ်တည်နေတဲ့ အိန္ဒြာကျော်ဇင်ကတော့ ခင်ပွန်းဖြစ်သူပြေတီဦးနဲ့အတူ ချစ်စရာ သားလေးတစ်ယောက် သမီးလေးတစ်ယောက်နဲ့ ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်..။

Photo Credit - RBV Photography
Photo Credit - Eaindra Kyaw Zin's FB Page

ပရိသတ်အချစ်တော် အူဝဲကတော့ အနုပညာ အလုပ်တွေကို ဆက်တိုက်လုက်ဆောင်နေပြီး အနုပညာလှုပ်ရှားမှုတွေနဲ့ မိသားစုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိသလို Stay Home ကာလလေးမှာ သူမရဲ့ ဝါသနာလေးကို လုပ်ရင်းစိတ်အေးချမ်းနေပါတယ်နော်..။

အခုတစ်ခါမှာလည်း Stay Home နေရတဲ့အချိန် ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားတွေကို ဝေမျှရင်း သူမရဲ့ နောက်ထပ်အနုပညာဝါသနာလေးတစ်ခုကို ပရိသတ်တွေကို ထုတ်ပြလိုက်တာဖြစ်ပြီး ပန်းချီဆွဲထားတဲ့ အကြောင်းလေးကိုလည်း ပြောပြလာပါတယ်..။

Photo Credit - Eaindra Kyaw Zin's FB Page
Photo Credit - Eaindra Kyaw Zin's FB Page

"Stayhome ကာလမှာ ဝါသနာပါရာလေးလုပ်ဖြစ်နေတဲ့ မတ်မတ်အွဲ

ကိုယ်ကြိုက်တဲ့ ပုံလေးတွေ တွေ့ရင် , ရှုခင်းလေးတွေ တွေ့ရင် ရိုက်ပြီးသိမ်းသိမ်းထားတတ်တယ်, ပြီးရင် ပန်းချီပြန်ရေးဖို့အတွက်.. ခု ရေးထားတဲ့ ပန်းချီလေး တစ်ချို့ကို ပိတ်သတ်တွက် အမှတ်တရတင်ပေးလိုက်တယ်နော်...

အွဲ ရဲ့ လက်ရာကိုတော့ မရီနဲ့နော်, ကြိုးစားဆဲသူမို့....

မယ်သုပုံလေး ပုံတူရေးကြည့်တာ, မယ်သုကတော့ အားပေးတယ် အမေကို,မတူဘူးချည်းပဲ ပြောတာ...." ဆိုပြီး သူမရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကလည်း ပန်းချီကို စိတ်ပါဝင်တစားရေးဆွဲနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုလည်း သဘောကျနေကြပြီး ချီးကျူးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Eaindra Kyaw Zin's FB Page
Photo Credit - Eaindra Kyaw Zin's FB Page

Source & Photo Credit - Eaindra Kyaw Zin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။