ပရိသတ်ကြီးရေ sexyမော်ဒယ်လ် တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝပိုင်ဆိုင်ထားတဲ့ သူလေးကတော့ သဇင်ဦး ပဲ ဖြစ်ပါတယ်။ သူမရဲ့ ကြိုးစားမှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားပြီး အချိန်ခဏလေးအတွင်းမှာ အောင်မြင်မှုတွေများစွာကို သိမ်းပိုက်ထားနိုင်တဲ့ သူလေးလည်း ဖြစ်ပါတယ်......။

Photo credit - Ei Sabal Phyu's facebook account
Photo credit - Ei Sabal Phyu's facebook account

ဒါ့အပြင် သဇင်ဦးက တောင့်တင်းလှပတဲ့ ကိုယ်ခန္ဓာ အချိုးအစားကို ပိုင်ဆိုင်ထားပြီး သူမတူတဲ့ ဖက်ရှင်အလန်းစားလေးတွေကို လိုက်ဖက်ညီစွာ ဝတ်ဆင်တက်သူဖြစ်လို့ ပုရိသတို့ အသည်းစွဲအားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ သဇင်ဦးက လတ်တလောမှာတော့ photo shooting တွေကို ရိုက်ကူးနေပြီး သူမရဲ့ ပုံတွေကလည်း လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေပန်းစားလူကြိုက်များနေတာလည်း ဖြစ်ပါတယ်.... ။

Photo credit - Ei Sabal Phyu's facebook account
Photo credit - Ei Sabal Phyu's facebook account

ယခုမှာလည်း မော်ဒယ်လ် သဇင်ဦး က အပြာရောင်မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ အချိုးအစားကျကျလှပနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်မလေး သဇင်ဦး ရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ အလှတွေပိုနေတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..။ သူမရဲ့ ပုံလေးတွေကို ကြည်ပြီး ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...... ။

Photo credit - Ei Sabal Phyu's facebook account

Source & Photo credit - Ei Sabal Phyu's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။