ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Sepik River" စိပစ်မြစ် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထိုမြစ်ကြီးကတော့ နယူးဂီနီနိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင်လှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

နယူးဂီနီ ကျွန်းနိုင်ငံရဲ့ အရှည်လျားဆုံးမြစ်ဖြစ်တဲ့ စိပစ်ဟာ နယူးဂီနီနိုင်ငံရဲ့ ကုန်းမြင့်ပိုင်း ဗဟိုဖြစ်သော ဗစ်တာ အီမာ ရယ် တောင်တန်းများမှ ဖြစ်ဖျားခံ စီးဆင်းလာတာ ဖြစ်ပါတယ်။ စိပစ်မြစ်ဟာ နေရာအများစုမှာ အမေဇုန်မြစ်လို ကွေ့ဝိုက်စီးဆင်းနေကာ ဘစ်စ်မာ့ခ် ပင်လယ်(Bismarck Sea) တွင်းသို့ စီးဝင်သွားတာ ဖြစ်ပါတယ်။

photo credit pngtree

မိုင် ၇၀၀ ကျော်(၁၁၂၆ ကီလိုမီတာ) ရှည်လျားတဲ့ စိပစ်မြစ်ဟာ အခြားသော မြစ်ကြီးများကဲ့သို့ မြစ်ဝကျွန်းပေါ်ဒေသမရှိဘဲ ပင်လယ်တွင်းသို့ တိုက်ရိုက်စီးဝင်သွားတာပါ။ စိပစ် မြစ်ရိုးတစ်လျောက် လူနေထိုင်မှု ကြီးကြီးမားမားမရှိဘဲ ပြန့်ကြဲနေတဲ့ သေးငယ်သော လူမျိုးစု အုပ်စုငယ်များသာလျှင် စိပစ်မြစ်မှာ ဦးဆုံးနေထိုင်ခဲ့ကြတာပါ။ စိပစ်ဟာ ကမ္ဘာပေါ်မှာ ယနေ့ထိတိုင် ပတ်ဝန်းကျင် ဂေဟ စနစ် ပျက်စီးမှု မရှိတဲ့ မြစ်တစ်စင်းအဖြစ် တည်ရှိနေတာပါ။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။