ပရိတ်သတ်ကြီးရေ....တင်းတယ် တင်းတယ်‌ဆိုတဲ့သီချင်းလေးကို ကြားလိုက်တာနဲ့ အဆိုတော်အေသင်ချိုဆွေကို အားလုံးသိသွားကြမယ်ထင်ပါတယ်နော်။

သူမဟာ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းအေးအေးလေးတွေကိုရော သီချင်းမြူးမြူးလေးတွေကိုရောပါ ပရိတ်သတ်ရင်ထဲရောက်အောင်သီဆိုတတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

Photo credit-Athen Cho Swe's Facebook acc
Photo credit-Athen Cho Swe's Facebook acc

အေသင်ဟာ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် single motherတစ်ယောက်အနေနဲ့ အောင်မြင်စွာရပ်တည်နေတာဖြစ်ပြီး ချစ်စရာသမီးလေး ဗီးဗီးနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။

ဗီးဗီးလေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကို လိမ္မာရေးခြားရှိတဲ့ ကလေးလေးဖြစ်ပြီး ပါးဖောင်းဖောင်း ဆံပင်ကောက်ကောက်လေးနဲ့ အသည်းယားစရာလေးပါနော်။ ဒါ့ပြင်ဗီးလေးဟာ မေမေ့လိုပဲ သီချင်းဆိုတာဝါသနာပါတဲ့သူလေးဖြစ်ပြီး သီချင်းတွေဆိုကာ ကခုန်နေလေ့ရှိပါတယ်။

Photo credit-Athen Cho Swe's Facebook acc
Photo credit-Athen Cho Swe's Facebook acc

မကြာသေးမီကလည်းအေသင်ဟာ သူမရဲ့Facebookစာမျက်နှာတွင် "အင်း သိပ်မရှုပ်ပါဘူးဘာမှလုပ်လို့ကိုမရဘူး ဟင်း ဟင်း" ဆိုတဲ့captionလေးနဲ့ ဗီးဗီးလေးရဲ့ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ဗီးလေးဟာ အေသင်လုပ်သလိုလေး နားကြပ်လေးတပ်ကာ သူ့ဘာသာအသံသွင်းနေတာပါနော်။ ကဲ....ပရိတ်သတ်ကြီးအတွက်ဗီးလေးရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Athen Cho Swe's Facebook acc
Photo credit-Athen Cho Swe's Facebook acc

Source-Athen Cho Swe's Facebook acc

Photo credit-Athen Cho Swe's Facebook acc

Video Credit-Athen Cho Swe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။