ပရိသတ်‌‌တွေအားမလိုအားမရဖြစ်‌ခဲ့တဲ့ တူးတူးနဲ့ဂျိန်‌းဘီနယ်‌တို့ပွဲ

မြန်‌မာ့လက်‌‌ဝှေ့ပွဲ‌တွေမှာရှုံးပွဲမရှိ‌သေးတဲ့ တူးတူးနဲ့ ပြင်‌သစ်‌ကမ္ဘာ့‌မွေထိုင်‌းချန်‌ပီယံ ဂျိန်‌းဘီနယ်‌တို့ရဲ့တွဲဆိုင်‌းဟာပရိသတ်‌‌တွေ‌စောင်‌‌မျှော်‌ခဲ့ရတဲ့တွဲဆိုင်‌းတစ်‌ဆိုင်‌းပါ။။ပထမအချီမှာတစ်‌ဖက်‌နဲ့တစ်‌ဖက်‌အ‌ခြေအကဲခတ်‌‌နေခဲ့ရင်‌းပွဲဟာ အတန်‌ငယ်‌‌အေးစက်‌‌နေခဲ့ပါတယ်‌။ ဂျိန်‌းဘီနယ်‌ရဲ့အရပ်‌အ‌မောင်‌းသာလွန်‌မှုဟာ တူးတူးကိုအခက်‌အခဲ‌တွေ့‌စေခဲ့ပါတယ်‌။

ဒုတိယအချီမှာ‌တော့တူးတူး‌ရောဂျိန်‌းဘီနယ်‌ပါအပြန်‌အလှန်‌ဖွင်‌့ထိုးခဲ့ကြပါတယ်‌။တူးတူးကဂျိန်‌းဘီနယ်‌ရဲ့‌အောက်‌‌ခြေကိုဖြုတ်‌ဖို့ကြိုးစားခဲ့ပြီး

ဂျိန်‌းဘီနယ်‌ကလည်‌းသူအားသန်‌တဲ့‌ခြေကန်‌ချက်‌‌တွေနဲ့တူးတူးကိုအလဲသိပ်‌ဖို့ကြိုးစားလာခဲ့ပါတယ်‌။


တတိယအချီမှာ‌တော့တူးတူးရဲ့လက်‌သီးချက်‌‌တွေဟာ လိုရာမ‌ရောက်‌ဘဲ လွဲ‌ချော်‌‌နေခဲ့ပါတယ်‌။ဂျိန်‌းဘီနယ်‌က‌တော့တူးတူးကိုချုပ်‌ဖို့ပဲကြိုးစား‌နေခဲ့ပါတယ်‌။စတုတ္ထအချီမှာ‌တော့တူးတူးဟာဗျူဟာ‌ပြောင်‌းလာခဲ့ပြီးပါတ်‌တံ‌တောင်‌၊‌ခြေကန်‌ချက်‌‌တွေ‌နဲ့ဂျိန်‌းဘီနယ်‌ကိုအလဲထိုးဖို့ပြင်‌ဆင်‌လာပါ‌တော့တယ်‌။ဒါ‌ပေမယ်‌့‌ခြေတံလက်‌တံရှည်‌တဲ့ဂျိန်‌းဘီနယ်‌ကိုထိုးဖို့အတွက်‌တူတူးအခက်‌အခဲ‌တွေ့ခဲ့ရပါတယ်‌။ငါးချီ‌မြောက်‌မှာလည်‌းတစ်‌‌ယောက်‌နဲ့တစ်‌‌ယောက်‌အရှုံးအနိုင်‌မ‌ပေါ်ခဲ့ပါဘူး။ဒါ‌ပေမယ်‌့ပြိုင်‌ပွဲစည်‌းမျဉ်‌းအရ အမှတ်‌နဲ့ဆုံးဖြတ်‌ရာမှာ‌တော့ တူးတူးကိုအမှတ်‌‌ပေးဒိုင်‌ ၃ဦးစလုံးကအနိုင်‌‌ပေးခဲ့ပါတာ်‌။အလဲမထိုးနိုင်‌ခဲ့တဲ့ပွဲတစ်‌ပွဲဖြစ်‌လို့ပရိသတ်‌‌တွေအားမလိုအားမရဖြစ်‌ခဲ့ရတာ‌တော့အမှန်‌ပါ။

Photo -WLC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။