ပရိတ်သတ်ကြီးရေ.....ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတဲ့ ပရိတ်သတ်တွေအားကျရတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာဆိုရင် မင်းသားချောပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ ဇနီးမောင်နှံလည်း အပါအ၀င်ဖြစ်ပါတယ်နော်။ သူတို့နှစ်ဦးဟာ ချစ်စရာကောင်းတဲ့သားသမီးလေး သုံးယောက်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo credit-Zin Thae Naing's Facebook acc
Photo credit-Zin Thae Naing's Facebook acc

ပိုင်ဇေရဲထွန်းတို့မိသားစုလေးဟာ အမြဲတန်းမိသားစုစုံစုံလင်လင်နဲ့ အေးအေးချမ်းချမ်းနေလေ့ရှိတဲ့ အားကျစရာမိသားစုလေးဆိုလည်းမမှားပါဘူး။ ပိုင်ဇေရဲထွန်းဟာ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့သူဖြစ်ပြီး ယနေ့ထိတိုင်ပရိတ်သတ်အားပေးချစ်ခင်မှုရရှိထားတာပါ။ဒီနေ့ မေလ(၂၅)ရက်နေ့လေးဟာဆိုရင်လည်း ပိုင်ဇေရဲထွန်းရဲ့ အသက်၄၃နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။

Photo credit-Zin Thae Naing's Facebook acc
Photo credit-Zin Thae Naing's Facebook acc

ခင်ပွန်းဖြစ်သူရဲ့မွေးနေ့လေးကို ဇင်သဲနိုင်ဟာသူမရဲ့ Facebookစာမျက်နှာတွင် ချစ်တုံးကြီးကိုကို၄၃နှစ်ပြည့်တာကို ၃၄နှစ်လို့ထင်နေတဲဲ့ သဲယောကျင်္ားည၁၂:၀၀တိတိမှာ wishမလုပ်ရင်စိတ်ကောက်တတ်တဲ့သဲယောကျင်္ားမွေးနေ့မှာဘာလက်ဆောင်မပေးရင် စိတ်မကောင်းကဖြစ်သေး သေးသေးဖွဲဖွဲလေးတစ်ခုခုလုပ်ပေးရင်ကို ပျော်နေပြန်ရောအိမ်ထောင်သက်(၁၅)နှစ်မှာ မွေးနေ့ဆုတောင်းတွေလည်းစုံခဲ့ပီမို့ လိုတိုရှင်းပဲဆုတောင်းပေးတော့မယ်အသက်ရှည် ကျန်းမာပီး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒတွေပြည့်ပါစေ ဒီမိသားစုလေးကို တစ်သက်လုံးထီးတစ်လက်အဖြစ်မိုးထားနိုင်ပါစေ Happy Birthday My Love" ဆိုပြီးရေးသားထားပါတယ်။ ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Zin Thae Naing's Facebook acc
Photo credit-Zin Thae Naing's Facebook acc

Source-Zin Thae Naing's Facebook acc

Photo credit-Zin Thae Naing's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။