အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းအနေနဲ့ အီတလီစီးရီအေကလပ် တိုရီနိုအသင်းရဲ့ အီတလီလူမျိုးတိုက်စစ်မှူး ဘယ်လော့တီကို ပေါင်သန်းရဝဖြင့် ခေးယူရန်ကြိုးပမ်းနေကြောင်းသိရှိရသည်။ 

မန်ချက်စတာယူနိုင်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုအနေနဲ့ အသင်းနဲ့လမ်းခွဲခဲ့သော တိုက်စစ်မှူး အီဘရာဟီမိုဗစ် နေရာအား အစားထိုးရန် ကစားသမားရှာနေရာ တိုရီနိုတိုက်စစ်မှူးဘယ်လော့တီမှာ မော်ရင်ဟို၏ ကာလရှည် ပစ်မှတ်တစ်ခုဖြစ်သည်။

တိုရီနိုတိုက်စစ်မှူးဘယ်လော့တီအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ သွင်းဂိုးပေါင်း ၂၈ဂိုးရှိခဲ့ပြီး တိုရီနိုရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော်မန်ချက်စတာယူနိုင်တက်အသင်းအနေနဲ့ ဘယ်လော့တီကိုခေါ်ပါက အနည်းဆုံး ပေါင်၈၈သန်းခန့်ကုန်ကျဖွယ်ရှိနေသည်။

Hein 

သတင်းအရင်းမြစ် Mirror Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။