ယခုဘောလုံးရာသီမှာ စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်နဲ့အတူ လာလီဂါအမှတ်ပေးဖလားနှင့်ချန်ပီယံလိဂ်ဖလားတို့ကိုဆွတ်ခူးထားတဲ့ ကိုလံဘီယာလက်ရွှေးစင် ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွက်က ရီးရဲမက်ဒရစ်အသင်းကနေပြောင်းဖို့ သတင်းတွေထွက်နေပါတယ်။

ရီးရဲမက်ဒရစ် ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွက်အနေနဲ့ အရံခုံထိုင်နေရသည့်အချိန်ကများနေသောကြောင့် ရီးရဲမက်ဒရစ်အသင်းကနေထွက်ခွာဖို့ရှိနေပြီး ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်က ဂျိမ်းရိုဒရီဂွက်ကိုခေါ်ယူရန် လွန်စွာ စိတ်ဝင်စားလျက်ရှိပါတယ်။

သို့သော် ဂျိမ်းရိုဒရီဂွက်ကိုခေါ်ယူချင်နေသည်မှာ မန်ချက်စတာယူနိုင်တက်အသင်းပင်မဟုတ်ဘဲ အာဆင်နယ်၊ အင်တာမီလန်၊ ဂျူဗင်တပ်၊ PSG နှင့် ဘိုယ်ယန်မြူးနစ်တို့ကပါစိတ်ဝင်စားနေကြောင်းသိရှိရပါတယ်။ ဂျိမ်းရိုဒရီဂွက်တစ်ယောက် ဘယ်ပြောင်းမလဲဆိုတာစောင့်ကြည့်ချင်စရာပင်။

Hein 

သတင်းအရင်းမြစ် The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။