ပရိတ်သတ်ကြီးရေ....အောင်မြင်ကျော်ကြားတဲ့မင်းသမီးတစ်ယောက်အနေနဲ့အချိန်အ‌တော်ကြာ ရပ်တည်နေပြီး ပရိတ်သတ်အားပေးချစ်ခင်မှုများစွာရရှိထားတဲ့ မင်းသမီးချောများထဲတွင် မိုးယုစံလည်းအပါအ၀င်ဖြစ်ပါတယ်။ သူမဟာသရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့သူဖြစ်ပြီး ဗီဒီယိုဇာတ်ကား၊ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးထားတာပါနော်။

Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

မိုးယုစံဟာ သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကိုလည်း တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့သားလေး ကောင်းသိင်္ခမိုးသူ(Austin)ကိုလည်း ရရှိနေပြီဖြစ်ပါတယ်။ သားငယ်လေးဟာလည်း မေမေမိုးယုနဲ့ရုပ်ချင်းအရမ်းဆင်ပြီး ချစ်စရာကောင်းတဲ့ကလေးလေးပါနော်။ ဒါ့ပြင် သားလေးဟာ စကားလေးတွေလည်း တီတီတာတာပြောတတ်နေပြီး ချစ်စရာကောင်းတာကြောင့် မိုးယုတို့တစ်အိမ်လုံးရဲ့အသည်းစွဲလေးပါနော်။

Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

မိုးယုဟာ သားလေးAustinရဲ့ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း Austinလေးဟာ ဦးလေးဖြစ်သူလေ့ကျင့်ခန်းလုပ်နေတဲ့နေရာနားလေးလာပြီး လေ့ကျင့်ခန်းအတူတူလိုက်လုပ်နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

Source-Moe Yu San's Facebook acc

Photo credit-Moe Yu San's Facebook acc

Video Credit-Moe Yu San's Tik tok acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။