ကမ္ဘာကျော် စပိန််လာလီဂါ အသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်း၏ ဂျာစီဝတ်စုံတွေကိုဝတ်ဆင်ပါက ထောင် ၁၅ နှစ်ထိကျနိုင်ဖွယ်ရှိနေပြီး အဆိုပါနိုင်ငံကဘာစီလိုနာပရိသတ်တွေအဖိုတော့ သတင်းဆိုးကြီးတစ်ခုပါ။ အဆိုပါနိုင်ငံကတော့ ဆော်ဒီအာရေဗီးယားနိုင်ငံပဲဖြစ်ပါတယ်။ 

ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ဘာစီလိုနာအသင်း၏ ဂျာစီဝတ်စုံတွေကိုဝတ်ဆင်ပါက ထောင်၁၅နှစ်ထိကျဖွယ်ရှိနေရတာကတော့ ဘာစီလိုနာအသင်း၏ရင်ဘတ်မှာပါဝင်တဲ့ ရင်ဘတ်စပွန်ဆာဖြစ်တဲ့ ကာတာနိုင်ငံပိုင် ကာတာလေကြောင်းလမ်း ကြောင့်ဖြစ်ပါတယ်။  

ဆော်ဒီအာရေဗီးယားနိုင်ငံအပါအဝင် အီဂျစ်၊ ဘာရိန်း၊ ယူအေအီးနိုင်ငံတို့က ကာတာနိုင်ငံကိ်ုအမည်ပျက်စာရင်းထဲထည့်ထားပြီး ကာတာနိုင်ငံက အစွန်းရောက်တွေကို ထောက်ပံ့နေတယ်လို့အဆိုပါနိုင်ငံတွေကဆိုထားပါတယ်။ ဒါကြောင့် ကာတာနိုင်ငံနှင့်သူ့လုပ်ငန်းတွေကိုဖော်ပြအားပေးတာက ရာဇဝတ်မှုမြောက်တယ်လို့ဆိုပြီး ဆော်ဒီအာရေဗီးယားနိုင်ငံသားတွေအနေနဲ့ ဘာစီလိုနာဂျာစီဝတ်ပါက ထောင်ကျဖွယ်ရှိနေတာပါ။

Hein 

သတင်းအရင်းမြစ် The Mirror Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။