ရီးရဲမက်ဒရစ်ကစားသမား ကမ္ဘာ့ကျော်တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီအသင်းက လက်ဗီးယားကို ၃ဂိုး ဂိုးမရှိနဲ့နိုင်ခဲ့တဲ့ ၂၀၁၈ရှရှားကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ခြေစွမ်းပြ ဂိုး၂ဂိုးသာသွင်းယူခဲ့ရုံသာမက သူရဲ့လေးစားစရာစိတ်ဓာတ်ကိုပါ ပြသခဲ့ပါတယ်။  

ပွဲကစားနေချိန်အတွင်းမှာ ကွင်းထဲသို့ ရော်နယ်ဒိုကိုအားပေးတဲ့ ကလေးငယ်တစ်ယောက်က ပြေးဝင်လာပြီး ရော်နယ်ဒိုနဲ့အတူ ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ရာ ရော်နယ်ဒိုမှအသာတကြည်ခွင့်ပြုခဲ့ပြီး ဓာတ်ပုံအတူရိုက်ခဲ့ကြခြင်းဖြစ်သည်။

ရော်နယ်ဒိုအနေနဲ့ လက်ဗီးယားကို ၃ဂိုး ဂိုးမရှိနဲ့နိုင်ခဲ့တဲ့ ၂၀၁၈ရှရှားကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် အရေးပါတဲ့ ဂိုး၂ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဇယားထိပ်မှာ ဦးဆောင်နေတဲ့ ဆွဇ်ဇလန်အသင်းကို ၃မှတ်အကွာကနေ ဖိအားပေးလျက်ရှိပါတယ်။

Hein 

သတင်းအရင်းမြစ် Bleacher Report UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။