ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အမေရိကန် နိုင်ငံရှိ "Mississippi River" မစ္စစ္စပီ မြစ်အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ မိုင်ပေါင်း၂၃၂၀ (ကီလိုမီတာ ၃၇၃၀) ဝန်းကျင်ရှည်လျားတဲ့ မစ္စစ္စပီမြစ်ဟာ အမေရိကန်နိုင်ငံနှင့် မြောက်အမေရိကတိုက်ရဲ့ အကြီးမားဆုံးမြစ်ကြီးတစ်စင်း ဖြစ်ပါတယ်။

photo credit pngtree

မစ္စစ္စပီမြစ်ဟာ အီတက်စ်ကာ ရေအိုင်ကြီးမှ မြစ်ဖျားခံခဲ့ကာ မက္ကဆီကို ပင်လယ်ကွေ့ နယူးအောလင်းမှာ အဆုံးသတ်တာပါ။ မစ္စစ္စပီ မြစ်လက်တက်တစ်ခုဖြစ်တဲ့ မစ်စိုရီမြစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် ၃၁ ခုကို ရေပေးဝေသော အဓိက ရင်းမြစ်များဖြစ်ကြပါတယ်။ မစ္စစ္စပီမြစ်အတွင်း ၁၈၂၀ ပြည့်နှစ်မှာ ရေနွေးငွေ့ စွမ်းအင်သုံး သင်္ဘောများဖြင့် ကုန်သွယ်မှု လုပ်ငန်းများ စတင်ခဲ့တာပါ။

photo credit pngtree

ထိုအချိန်က ဝါဂွမ်း၊ သစ်နှင့် အစားအစာများကို မစ္စစ္စပီမြစ်ကြောင်းအတိုင်း ကုန်သွယ်ခဲ့ကြတာပါ။ မီးရထားလုပ်ငန်းများ ပေါ်ထွန်း လာခဲ့တဲ့ ၁၈၈၀ ပြည့်နှစ်များ နောက်ပိုင်းမှာ ရေနွေးငွေ့သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများ ပျောက်ကွယ်ခဲ့သော်လည်း ၁၉၂၀ ပြည့်နှစ်များအထိ ရေနွေးငွေ့သင်္ဘောများဟာ မစ္စစ္စပီမြစ်အတွင်း သွားလာမှု ရှိခဲ့ပါတယ်။ အဲ့ဒီထဲကမှ Delta Queen လိုမျိုး ရေနွေးငွေ့သင်္ဘောများဟာလည်း မစ္စစ္စပီမြစ်ရဲ့ အထိမ်းမှတ်များအဖြစ် ကျန်ရှိနေခဲ့တာပါ။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။