အမျိုးးမီးတွေအတွက် သူတို့ရဲ့ရင်သားဟာ တန်ဖိုးထားထိန်းသိမ်းစရာအလှတစ်ခုပါ။ သင့်ရဲ့နေ့စဉ်အပြုအမူတစ်ချို့ကနေ သင့်ရင်သားကို မလှမပဖြစ်စေတာကို သင်သတိထားရှောင်ကြဉ်သင့်ပါတယ်။

Bra များ

Bra တွေကလည်း သင့်ရဲ့ရင်သားပုံစံကို အပြောင်းအလဲဖြစ်စေရုံသာမက ရင်သားကျန်းမာရေးကိုပါ ဝင်ရောက်စွတ်ဖက်လေ့ရှိပါတယ်။ Bra ကြောင်

မှောက်အိပ်ခြင်း

အိပ်တယ်ဆိုတာကတော့ လူတိုင်းအတွက် အရမ်းပျော်ဖို့ကောင်းတဲ့အရာပါပဲ။ ဒါပေမယ့် မှောက်အိပ်တာကိုတော့ ကောင်မလေးတွေ လုံးဝမလုပ်သင့်ပါဘူးတဲ့လေ။ အချိန်အကြာကြီးမှောက်အိပ်မယ်ဆို သင့်ရဲ့ ရင်သားပုံစံကို ထိခိုက်စေယုံသာမက ရင်သားနာကျင်ကိုက်ခဲခြင်းကိုပါ ခံစားရနိုင်လို့ပဲ ဖြစ်ပါတယ်။

Alcohol များ

နောက်တစ်ခုပါ။ ဒါက Alcohol သောက်သုံးခြင်းကလည်း ရင်သားကင်ဆာကို ဖြစ်ပွားစေနိုင်တယ်ဆိုတဲ့အချက်ပါ။ အနည်းဆုံး တစ်နေ့ကို အရက်တစ်ခွက်သောက်သုံးမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ချေ ၁၂ ရာခိုင်နှုန်းဆီ တိုးတိုးလာမယ်လို့ သိရပါတယ်။

လေ့ကျင့်ခန်းယူခြင်း

လေ့ကျင့်ခန်းလုပ်တာကတော့ ရင်သားအတွက်တင်သာမကပဲ တစ်ခြား ကိုယ်ခန္ဒာအစိတ်အပိုင်းတွေအတွက်ရော ကျန်းမာရေးအတွက်ပါ အရမ်းကောင်းမွန်သင့်တော်တဲ့အလုပ်ဆိုတာ ထွေထူးပြောနေစရာမရှိပါဘူး။ ဒီနေရာမှာ တစ်ခုသတိထားရမှာကတော့ လေ့ကျင့်ခန်းပုံစံလွဲမှားရင်တော့ သင့်ရဲ့ရင်သား မလှမပဖြစ်သွားနိုင်လို့ ဂရုစိုက်ရပါလိမ့်မယ်။

ဆေးဝါးများသောက်သုံးခြင်း

အထူးသဖြင့် Birth Control Pills လို့ခေါ်ကြတဲ့ ကိုယ်ဝန်တားဆေးတွေကလည်း သင့်ရဲ့ရင်သားကို ပိုမိုကြီးထွားလာစေနိုင်ပါတယ်။ နောက်ပြီး ရင်သားနာကျင်ကိုက်ခံတာမျိုးတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုပါပဲ။ ကိုယ်ဝန်တားဆေးတွေအပြင် ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေတဲ့ တခြားဆေးဝါးတွေကလည်း ထို့နည်းတူပါပဲ။

အခုပြောပြခဲ့တာကတော့ သင်တို့ရဲ့ရင်သားတစ်စုံကို ကောင်းကျိုးဆိုးကျိုးဖြစ်စေတဲ့ အကြောင်းအရာတစ်ချို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို သတိထားမယ်ဆိုရင်တော့ ပုရိသတိုင်းငေးတဲ့ ရင်သားအလှအပကို ပိုင်ဆိုင်ရမှာနော့။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။