ပရိတ်သတ်ကြီးရေ.....အလှူရေစက်လက်နဲ့မကွာလှူဒါန်းတတ်ပြီး စေတနာသဒ္ဓါတရားထက်သန်တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကို သိကြမယ်ထင်ပါတယ်။ သူတို့နှစ်ဦးဟာ နေနဲ့လ‌ရွှေနဲ့မြလို လိုက်ဖက်ညီတဲ့စုံတွဲတစ်တွဲဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးလည်းအများအားကျရလောက်အောင် romanticဆန်တဲ့ ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်နော်။ ဒါ့ပြင်စမိုင်းလ်တို့ဇနီးမောင်နှံဟာ ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သမီးအကြီးလေးportiaဟာလည်း အနုပညာအလုပ်တွေ စတင်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

စမိုင်းလ်ဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေတာဖြစ်ပြီး ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးမဲ့ ရုပ်ရှင်ကားကြီးမှာလည်းပါ၀င်ရိုက်ကူးထားတာဖြစ်ပါတယ်နော်။ စမိုင်းလ်ဟာမိသားစုကိုအချိန်ပေးကာ နေထိုင်တတ်သူဖြစ်တာကြောင့် သူမတို့မိသားစုလေးဟာလည်း စည်းစည်းလုံးလုံးနဲ့ပျော်စရာကောင်းနေတာဖြစ်ပါတယ်။ ဒါ့ပြင်စမိုင်းလ်ဟာ အခုလက်ရှိstay homeကာလမှာဆိုရင်လည်း မုန့်မျိုးစုံလုပ်နေတဲ့အပြင် အားကစားလည်းမှန်မှန်လုပ်နေတာဖြစ်ပါတယ်။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

မကြာသေးမီကလည်း စမိုင်းလ်ဟာသူမရဲ့Facebookစာမျက်နှာတွင် "မျက်နှာသုတ်ပုဝါတစ်ထည်နဲ့ လက်မောင်းနဲ့နောက်ကျောအဆီတွေချကြမယ် ပိုပြီးထိရောက်ချင်ရင်တော့ မျက်နှာသုတ်ပုဝါကိုရေညှစ်သလိုလိမ်ထားဖို့တော့လိုပါတယ်" ဆိုတဲ့ captionလေးနဲ့အတူ workoutဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် စမိုင်းလ်ရဲ့ဗီဒီယိုလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-စမိုင်းလ်Smile's Facebook page
Photo credit-စမိုင်းလ်Smile's Facebook page

Source-စမိုင်းလ်Smile's Facebook page

Photo credit-စမိုင်းလ်Smile's Facebook page

Video Credit-စမိုင်းလ်Smile's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။