မိဘမဲ့နဲ ့ဆင်းရဲနွမ်းပါး ပညာသင်ကလေးများအတွက် အလှူအတန်းပြုလုပ်ခဲ့တဲ့ အဆိုတော် နီနီခင်ဇော်

ပရိသတ်ကြီးရေ ပရဟိတပြုလုပ်ခြင်းဟာ အရမ်းကို မွန်မြတ်ကောင်းမွန်လှသလို တကယ်လိုအပ်တဲ့နေရာတွေမှာ သွားရောက်ပြီး အကူအညီပေးခြင်းဟာ

လည်း လိုအပ်နေသူများကို ထိထိရောက်ရောက်အကူအညီပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ နမ့်ဆန် သဘာဝတရားရိပ်သာဟာ ဆိုရင် အနုပညာရှင်များ မကြာခဏဆိုသလို သွားရောက်လှူဒါန်းဖြစ်တဲ့ နေရာလေးဖြစ်ပါတယ်။

နီနီဟာလည်း ဇွန်လ ၉ ရက်နေ ့က နမ့်ဆန် သဘာဝတရားရိပ်သာမှာ ညနေစာနဲ ့ကလေးများအတွက် အလှူအတန်းပြုလုပ်ဖြစ်ခဲ့ပါတယ်။ နီနီက ကလေးတွေနဲ ့အတူတူ သီချင်းသီဆိုပြီး သူမ တတ်စွမ်းသမျှနဲ ့ပျော်ရွှင်အောင် လုပ်ပေးခဲ့ရတဲ့ အတွက် ကြည်နူးပီတိဖြစ်ရင်း မျက်ရည်လည်မိကြောင်းပြောပြခဲ့ပါတယ်။ အဆိုပါ ကျောင်းမှာ မိဘမဲ့နဲ ့ဆင်းရဲနွမ်းပါး ပညာသင်ကလေး စုစုပေါင်း ၃၁၁ ယောက်ရှိတယ်လို ့လည်း သိရပါတယ်။

အသံအားကောင်းကောင်းနဲ ့သီဆိုဖျော်ဖြေတတ်ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နီနီဟာ အခုလို အလှူအတန်းပြုလုပ်ဖြစ်ခဲ့တဲ့အတွက်

နီနီ ့ပရိသတ်များကလည်း ဝမ်းမြောက်စွာနဲ ့သာဓုခေါ်ဆိုနိုင်ပါတယ်နော်။

သတင်းအရင်းမြစ် Ni Ni Khin Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။