မင်းသမီးချောလေး သဇင်ထူးမြင့်ကတော့ အကယ်ဒမီရွှေကြိုမယ်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကား၊ သီချင်းMTVတွေနဲ့ ကြော်ငြာတွေကို အများအပြားရိုက်ကူးနေရပြီး ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ဖေဖေဖြစ်တဲ့ သရုပ်ဆောင် ခင်လှိုင်ကလည်း သမီးလေး သဇင်ထူးမြင့်ကို ထောက်ပံ့ပေးပြီး အနုပညာဘက်မှာလည်း အဆင်ပြေအောင် ကူညီပံ့ပိုးပေးတာကိုလည်း တွေရပါတယ်။

Photo credit - Thazin Htoo Myint's facebook account

သဇင်ထူးမြင့်က အေးအေးဆေးဆေးနေတက်ပြီး ချိုသာယဉ်ကျေးစွာစကားပြောဆိုတက်တာကြောင့် သူမကို ချစ်ခင်ကြသူတွေပေါများနေတာပဲဖြစ်ပါတယ်။ သူမက ချောမောလှပတဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်တာကြောင့် ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးခြင်းကို ပိုမိုရရှိနေသူလေးပဲဖြစ်ပါတယ်။ အသားအရည်လေးကလည်း လှပပြီး ဖြူဖွေး နုဖတ်နေတာကြောင့်လည်း မြင်သူတိုင်းက အားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်။ 

Photo credit - Thazin Htoo Myint's facebook account

အခုလက်ရှိမှာလည်း သဇင်ထူးမြင့်က သူမရဲ့ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ အပြုံးချိုချိုလေးတွေကို ပေါင်းစပ်ကာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေအပြင် " ပိုင်ရှင် မရှိသေးတဲ့ အချစ်လေးရေ ပိုင်ရှင် တို့ဖြစ်လိုက်ချင်ပါတယ်" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Thazin Htoo Myint's facebook account

Source & Photo credit - Thazin Htoo Myint's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။