မင်းသမီးချောလေးခင်ဝင့်ဝါကတော့ ပုရိသတွေရဲ့ အသည်းတစ်ခြမ်းမှာ အပြည့်အဝနေရာယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။ကျရာဇာတ်ရုပ်တွေမှာ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ သူမကတော့ အေးချမ်းလွန်းပြီး ချိုသာတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ 

Photo credit - Khin Wint War's facebook page
Photo credit - Khin Wint War's facebook page

ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေနဲ့ လှပနေတဲ့ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိတဲ့ သူမကတော့ မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုရော ယောကျာ်းလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုပါ အပြည့်အဝရယူထားနိုင်သူလေးပဲဖြစ်ပါတယ်။ ချစ်စနိုးနဲ့ခေးလေးလို့ ခေါ်ခြင်းကိုခံနေရတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားလျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo credit - Khin Wint War's facebook page
Photo credit - Khin Wint War's facebook page

သူမတော့ ယခုမှာ သေးသွယ်တဲ့ ခါးလေးနဲ့ အဆီပိုမရှိဘဲ ချပ်လျပ်တဲ့ ဗိုက်သားလေးတွေပေါ်လွင်ကာ ကြည်လင်းဝင်းပတဲ့ မျက်နှာပုံစံလေးနဲ့ လွတ်လပ်စွာပြုံးရယ်နေခဲ့ပါတယ်။ သူမကတော့ " ကိုယ့်ရဲ့စိတ်ကိုယ်လင်းစေရာ.. "ဆိုပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးခင်ဝင့်ဝါရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Source - Khin Wint War's facebook page 

Photo credit - Khin Wint War's facebook page
Photo credit - Khin Wint War's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။