ပရိသတ်ကြီးတို့ရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဇာတ်ကားပေါင်းများစွာ ရိုက်ကူးကာ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားသူတွေထဲမှာ ဇာတ်ပို့သရုပ်ဆောင် ဂွမ်းပုံကြီးကလည်း အပါအဝင်ပါပဲ..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ရိုးရှင်းပွင့်လင်းကာ အနေအေးတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက အသိအမှတ်ပြု တခဲနက်အားပေးချစ်ခင်ကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - ဂွမ်းပုံကြီး Fb Account
Photo Credit - ဂွမ်းပုံကြီး Fb Account

အန်တီဂွမ်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် ဝါရင့်အနုပညာရှင်လည်း ဖြစ်တဲ့ သရုပ်ဆောင်ဂွမ်းပုံကြီးကတော့ Covid ကာလမှာ သားတွေက နိုင်ငံခြားမှာအလုပ်လုပ်ပြီး ပို့ပေးတဲ့ပိုက်ဆံလေးတွေနဲ့ ချွေတာကာ တောင့်ခံနေရတဲ့ အကြောင်းလေး ပြောပြလာပါတယ်နော်..။

"သားတွေကနိုင်ငံမှာ အလုပ်လုပ်နေတော့ သူတို့ပို့ပေးတဲ့ ပိုက်ဆံလေးနဲ့ တောင့်ခံထားရတာပေါ့ ရုပ်ရှင်တွေ မရိုက်ရတော့ သေချင်စော်တောင်နံတယ် Covid-19 ရယ် မြန်မြန်ပြန်ပါတော့တောင် အော်ရတယ်.." ဆိုပြီး အန်တီဂွမ်းက ပြောပြထားတာပါ..။

Photo Credit - ဂွမ်းပုံကြီး Fb Account
Photo Credit - ဂွမ်းပုံကြီး Fb Account

"ကိုယ်တွေက ဒီအလုပ်ကိုလုပ်နေမှ ဒူးနာတာတို့ သွေးတိုးတို့က သက်သာတာ ဘယ်လောက်ပင်ပန်းပန်း ပင်ပန်းတယ်လို့ကို မထင်တာ အခုကျတော့ အဲ့တာက မလုပ်ရတော့ နှလုံးခွဲပြီးကတည်းက မလုပ်တာ တစ်နှစ်ပြည့်သွားပြီ ကိုယ်လည်းပြန်လုပ်ဖို့ ဇာတ်လမ်းတွဲလေးတွေလည်းလာရော ဒီလိုဖြစ်လိုက်တော့ အမလေးတော့ဆိုတာ ဖြစ်သွားတယ်.. " ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။

"အန်တီဂွမ်းတို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ဘုရားတရားဂုဏ်ကျေးဇူးနဲ့ စည်းကမ်းလိုက်နာမယ်ဆိုရင် သုံးလလောက်အတွင်းမှာ သွားရေးလာရေး လုပ်ငန်းလေးတွေ ပွင့်လာမယ်လို့ ထင်တဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားတဲ့ အန်တီဂွမ်းရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo Credit - ဂွမ်းပုံကြီး Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။