လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစား အောင်မြင်နေတဲ့ အဆိုတော်မလေး ဝိုင်းလေးကတော့ လက်ရှိမှာတော့ ဂီတလမ်းကြောင်းမှာ လျှောက်လှမ်းနေသူတစ်ဦး ဖြစ်ပါတယ်။ " အိပ်မက်ဆုံရာ" သီချင်းဆိုပြိုင်ပွဲကြီးကနေ စတင်ပြီး လူသိများအောင်မြင်လာခဲ့တဲ့ ဝိုင်းလေးက အခုလက်ရှိမှာ သီချင်းအသစ်တွေ ဆက်တိုက်ထွက်ရှိထားတာ ဖြစ်ပါတယ်။ သူမရဲ့သီချင်းလေးတွေကလည်း နားဆင်သူတွေရဲ့ရင်ထဲအထိ ရောက်စေနိုင်ပါတယ် .......။ 

Photo credit - Wyne Lay's facebook account
Photo credit - Wyne Lay's facebook account

လတ်တလောမှာတော့ ဝိုင်းလေးက နယ်ရှိုးပွဲတွေကို ခေတ္တရပ်ဆိုင်းထားပြီး photo shooting တွေနဲ့ ကြော်ငြာတွေကိုသာ လက်ခံရိုက်ကူးပေးနေတာလည်း ဖြစ်ပါတယ်။ ဝိုင်းလေးက ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေးနဲ့ ချိုသာလွန်းတဲ့ အသံလေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားကျချစ်ခင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်..။ ဝိုင်းလေးက မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ အလှပုံရိပ်လေးတွေကို တင်ပေးလါတာပါနော်.....။

Photo credit - Wyne Lay's facebook account
Photo credit - Wyne Lay's facebook account

ပုံလေးတွေထဲမှာ ဝိုင်းလေးက ပြစ်မျိုးမဲ့မထင် လှပနေပြီး ဝတ်ဆင်ထားတဲ့ ဖက်ရှင်တွေကလည်း ရိုးရှင်းလှပနေတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.. ။ ကဲ ပြည်သူချစ် အဆိုတော်မလေး ဝိုင်းလေးရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းယားနေမှာ အသေအချာပဲမို့ ပရိသတ်တွေက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်. ။ သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း အားပေးလိုက်ကြပါအုန်းနော်...... ။

Photo credit - Wyne Lay's facebook account
Photo credit - Wyne Lay's facebook account
Photo credit - Wyne Lay's facebook account
Photo credit - Wyne Lay's facebook account

Source & Photo credit - Wyne Lay's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။