ချစ်ရတဲ့ ပရိသတ်ကြီးရေ မိတ်ကပ်ဖန်တီးရှင် ညီညီမောင်(စမ်းချောင်း)ခေါ် သုသုကတော့ သူမရဲ့ ပင်ကိုယ်စွမ်းရည်နဲ့အတူ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်စွာ ရပ်တည်နေတဲ့ သူပါနော်။ သုသုက မိတ်ကပ်ဖန်တီးရှင် အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သုသုက ပွင့်လင်းစွာ ပြောဆိုဆက်ဆံတက်ပြီး လူအများအပေါ်မှာလည်း ဖော်ရွေပြူငှာလွန်းတာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ ချစ်ခင်နေကြတာ အမှန်ပါပဲနော်။
ဒါ့အပြင် သုသုက သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက် စာမျက်နှာထက်မှာ မျှဝေပေးလျှက်ရှိနေပြီး ပရိသတ်တွေကလည်း တခဲနက်အားပေးနေကြတာပါနော်.။ ယခင်က သူမလျှောက်လှမ်းခဲ့တဲ့ ငယ်ဘဝပုံရိပ်လေးတွေ၊ အနုပညာရှင်တွေနဲ့အတူ ရင်းနှီးစွာ အလုပ်လုပ်အတူတူလုပ်ကိုင်ခဲ့ပုံတွေကို တင်ပေးလေ့ရှိနေသူပဲလည်း ဖြစ်ပါတယ်။ ယနေ့မှာလည်း သူမ ကြိုးစားရုန်းကန်ခဲ့ရတဲ့ ဘဝ အမှတ်တရလေး အကြောင်းလေးကို ပြောပြပေးလါတာပါနော်... ။
သုသုက " ငယ်ဘဝ ရူတင် အမှတ်တရပါ ကြိုးစားရုန်းကန်ခဲ့ရတဲ့ ဘဝ အမှတ်တရလေးပါ အဲ့အချိန်က ဘားလမ်း မာမီအောင် ဆိုင်သွားရင် ပိုက်ဆံအိတ်ထဲ ငွေ ၂၀၀ရာပဲပါတယ် တပတ်လုပ်အားခ ၅၀၀၀ရတယ် လိုင်းကား စီးသွားတာ အသွား၂၀အပြန် ၂၀ပေးရတယ် နေ့လည်ခင်း သူများတွေလို ထမင်းဝယ်မစားနိုင်တော့ လမ်းထိပ်က မတ်ပဲကြော်၅၀တန်စား ပြီးနေရတယ် အိမ်အတွက် ပိုက်ဆံအပိုမသုံးနိုင်ခဲပါဘူးဒါပေမဲ့ အလုပ်သမား ဘဝပျော်တယ် ဘာအပူပင်မှမရှိဘူး အချိန်တန် လုပ်အားခရ အလုပ်သွား ပင်ပန်းပေမဲ့ ပျော်တယ် " ဆိုပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်....။
Source & Photo credit - Nyi Nyi Maung 's facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။