photo credit - ESL

beastcoast အသင်းရဲ့ carry player K1 ရဲ့နာမည်အရင်းကတော့ Héctor Antonio Rodríguez ဖြစ်ပြီး သူဟာ Peru နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

birth date ကတော့ 2000 ခုနှစ် 11 လပိုင်း 10 ရက်နေ့ဖြစ်တာကြောင့် K1 ဟာ အခုမှ အသက် 19 နှစ်ကျော်အရွယ်သာရှိနေသေးတာပဲဖြစ်ပါတယ်။

K1 dota 2 pro teams တွေမှာ စတင်ကစားခဲ့တာကတော့ 2017 ခုနှစ် 9 လပိုင်းလောက်ကဖြစ်ပြီး Gorillaz-Pride မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

၎င်းအသင်းမှာတော့ K1 ဟာ 2017 ခုနှစ် 9 လပိုင်း ကနေ 2018 ခုနှစ် 7 လပိုင်းကုန်ထိ ကစားပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2018 ခုနှစ် 9 လပိုင်းမှာတော့ K1 ဟာ All In Gaming ကိုပြောင်းရွှေ့ခဲ့ပြီး လအနည်းငယ်လောက်အကြာမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2019 ခုနှစ် 4 လပိုင်း 4 ရက်နေ့မှာတော့ K1 ဟာ Pacific eSports ကိုပြောင်းရွှေ့ခဲ့ပြီး နှစ်ရက်သာကစားကာ Majestic Esports ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာတော့ K1 ဟာ တစ်လကျော်ကျော်သာကစားခဲ့ပြီး 2019 ခုနှစ် 5 လပိုင်း 21 ရက်နေ့မှာ Team Anvorgesa ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာလည်း K1 ဟာ တစ်လကျော်ကျော်လေးသာကစားခဲ့ပြီး 2019 ခုနှစ် 6 လပိုင်းး 30 ရက်နေ့မှာ imfamous ကိုပြောင်းရွှေ့ခဲ့ပါတယ်။

imfamours မှာတော့ K1 ဟာ 2019 ခုနှစ် 8 လပိုင်းး 29 ရက်နေ့အထိကစားခဲ့ပြီးနောက် Team Anvorgesa ကိုပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

K1 ဟာ ၎င်းအသင်းမှာကစားလာတာ တစ်လကျော်ကျော်ကြာမြင့်လာတဲ့အချိန် 2019 ခုနှစ် 10 လပိုင်း 4 ရက်နေ့မှာတော့ beastcoast ကိုပြောင်းရွှေ့လာခဲ့ပြီး ယနေ့အချိန်ထိ beastcoast မှာကစားနေဆဲပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။