ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေသူတွေထဲမှာ ဝါရင့် ဟာသဇာတ်ပို့သရုပ်ဆောင်ဦးမိုးဒီရဲ့သား သရုပ်ဆောင် လူရွှင်တော်ကောင်းစံကလည်း အပါအဝင်ပါပဲ..။

ဇာတ်ကားတွေများစွာရိုက်ကူးထားသလို ဇာတ်သဘင်မှာလည်း မရိုးနိုင်တဲ့ ရယ်စရာပြက်လုံးတွေနဲ့ ပရိသတ်တွေကို ဘဝအမောလေးတွေ ပြေစေတဲ့ ဦးမိုးဒီနဲ့ ကောင်းစံတို့သားအဖနှစ်ယောက်ကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိထားကြသူတွေပါပဲနော်..။

Photo Credit - Myanmarload

ကောင်းစံကတော့ သားအဖတွေ လတ်တလောမှာ Tik Tok လေးတွေ ဆော့ကစားပြီး လိုင်းပေါ်တင်ဖြစ်နေတဲ့ အကြောင်းလေးတွေကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်နော်..။

Tik Tok ကို သမီးလေးက ဇွတ်အတင်းရိုက်ခိုင်းလို့ ဆော့ဖြစ်နေသလို ပရိသတ်တွေလည်း ပျော်မလားဆိုတဲ့ အတွေးမျိုးလေးနဲ့ Tik Tok ကို ဆော့ကာ လိုင်းပေါ်တင်ဖြစ်နေတာပါဆိုပြီး ပြောပြထားပါတယ်နော်..။

Photo Credit - Myanmarload

"Tik Tok ဆော့ပြီး လိုင်းပေါ်တင်ဖြစ်တာက သမီးလေးက ဇွတ်ရိုက်ခိုင်းလို့ပါ သူတို့လေးတွေလည်း Stay Home ကာလမှ အိမ်ထဲက အိမ်ပြင်မထွက်ရတော့ ပျင်းနေကြတာ ဒါလေးတွေနဲ့ ပျော်မယ်ထင်လို့ ပရိသတ်တွေလည်း ပျော်မလားဆိုတဲ့အတွေးမျိုးလေးနဲ့ တင်ဖြစ်တာပါ အဲ့ပေါ်မှာ ခံစားချက်တစ်မျိုးသက်ရောက်သွားရင်လည်း တောင်းပန်ပါတယ် ကြုံကြိုက်ရင်တော့ ဆော့ဖြစ်ပါတယ်.." ဆိုပြီး ပြောပြထားတာပါ..။

"Stay Home ကာလလွန်သွားရင် အနုပညာအလုပ်တွေကို ဆက်လုပ်ဖြစ်မှာပါ ဇာတ်ပို့ဇာတ်ရံကျတော့လည်း စီစဉ်ထားလို့ မရဘူးလေ ဇာတ်ပို့ဇာတ်ရံတော်တော်များများက အလုပ်ပြန်ဖြစ်ဖို့် မျှော်လင့်ထားတာပေါ့.." ဆိုပြီး ပြောပြထားတဲ့ ကောင်းစံရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Myanmarload

Photo Credit - Myanmarload 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။