ပရိတ်သတ်ကြီးရေ......သရုပ်ဆောင်ကောင်းမွန်တဲ့အပြင် ကလေးတစ်ယောက်လိုချစ်စဖွယ်မျက်နှာလေးနဲ့ပရိတ်သတ်အားပေးမှုအပြည့်အ၀ရရှိထားသူကတော့ မင်းသမီးချောလေး၀တ်မှုန်ရွှေရည်ကိုသိကြမယ်ထင်ပါတယ်‌။သူမဟာ ကြော်ငြာများ ဗီဒီရိုဇာတ်ကားများဖြင့်အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ယခုဆိုရင်နိုင်ငံကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။‌ကစ်‌ဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

Photo credit-Wutt Hmone Shwe Yi's Facebook page
Photo credit-Wutt Hmone Shwe Yi's Facebook page

၀တ်မှုန်ရွှေရည်ဟာ ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး ကလေးလေးတစ်ယောက်လိုအရွယ်တင်နုပျိုနေတာပါနော်။ ဒါ့ပြင်ကစ်ဟာ ဖက်ရှင်နဲ့ပက်သက်ပြီးလည်း အမြဲခေတ်မီစတိုင်ကျကျ၀တ်တတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအချစ်ပိုနေရတာပါ။ ကစ်ရဲ့ညီမလေးဖြစ်တဲ့ နဒီရွှေရည်ဟာဆိုရင်လည်း ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုရရှိနေပြီဖြစ်ပြီး ရွှေကစ်တစ်ယောက်ကတော့ တူလေးနဲ့ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။

Photo credit-Wutt Hmone Shwe Yi's Facebook page
Photo credit-Wutt Hmone Shwe Yi's Facebook page

မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ "မင်းသား အသစ်လေးနဲ့ပေါ့ကွယ်" ဆိုတဲ့captionလေးနဲ့ တူလေးနဲ့အတူဆော့ကစားနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ တူလေးကလည်း ဖြူဖြူဖွေးဖွေးလေးနဲ့ချစ်စရာလေးပါနော်။ ပရိတ်သတ်တွေအတွက် ကစ်တို့တူ၀ရီးနှစ်ယောက်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Wutt Hmone Shwe Yi's Facebook page
Photo credit-Wutt Hmone Shwe Yi's Facebook page

Source-Wutt Hmone Shwe Yi's Facebook page

Photo credit-Wutt Hmone Shwe Yi's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။