ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဒဏ္ဍာရီလာ လူတစ်ပိုင်း ငှက်တစ်ပိုင်း သတ္တဝါများအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ဂရိနှင့် ရောမဒဏ္ဍာရီများမှာ ဟားပီးစ် (Harpies) ခေါ် မကောင်းဆိုးဝါးမများကို ငှက်ခန္ဓာနှင့် လူမိန်းမမျက်နှာ ရှိသော ကြောက်မက်ဖွယ်သတ္တဝါများအဖြစ် သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ဂျူးဒဏ္ဍာရီထဲမှ လီလစ် "Lilith"ကတော့ လူ့ခန္ဓာကိုယ်မှာ ငှက်အတောင်ပံနှင့် ငှက်ခြေထောက်များပါရှိသော နတ်ဆိုးမဖြစ်ပါတယ်။

photo credit pngtree

ပင်လယ်ခရီးသွား ယောက်ျား များကို ထူးခြားအံ့သြဖွယ် သီချင်းဆိုသံဖြင့် အရာအားလုံးကို မေ့လျော့ မှင်သက်သွားအောင် ညှို့ယူ ဖမ်းစားတတ်တဲ့ ဂရိ ဒဏ္ဍာရီလာ ဆိုင်ရန် (Siren)၊ ရုရှဒဏ္ဍာရီလာဆိုင်ရင် (Sirin) နှင့် အယ်လ်ကိုနော့စ် (Alkonost) တို့ဟာလည်း လူတစ်ပိုင်းငှက်တစ်ပိုင်း သတ္တဝါမများဖြစ်ကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။