သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးနေတဲ့ သူလေးပါ။ ခေးဆက်သွင်က MRTV -4ဇာတ်လမ်းတွဲမှာ အဓိက ပါဝင်သရုပ်ဆောင်နေတဲ့အပြင် အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခေးက ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ လုံးကျစ်လှပတဲ့ ကိုယ်ခန္ဓာအချိုးအစားကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်...။
ခေးဆက်သွင်က ဇာတ်လမ်းတွဲ အတော်များများမှာ တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေရတဲ့ သူလေးပါနော်.။ လတ်တလောမှာတော့ ခေးက အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း Tiktok videos လေးတွေနဲ့ အပျင်းပြေဓာတ်ဖမ်းထားတဲ့ ပုံရိပ်တချို့ကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေကလည်း အကြိုက်တွေ့နေကြတာပဲ ဖြစ်ပါတယ်....။
ပရိသတ် အချစ်တော်မလေး ခေးဆက်သွင်က ယနေ့မှာလည်း မြင်သူတိုင်းငေးကြည့်ရလောက်အောင် လန်းလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ ပုရိသတို့ရင်ကို လှုပ်ခတ်စေခဲ့ပြန်ပါပြီနော်.။ ခေးရဲ့ ပုံလေးတွေတိုင်းက အထာကျကျမိမိုက်နေလွန်းတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်. ။ ခေးရဲ့ အမိုက်စားပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။
Photo credit - PhoneSett Thwin
Source - Khay Sett Thwin's facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။